
နှာစေး နှာပိတ်အလျှင်မြန်ပျောက်မည့်အိမ်တွင်းဆေးနည်းများ
နှာစေး နှာပိတ်အလျှင်မြန်ပျောက်မည့်အိမ်တွင်းဆေးနည်းများ ➳နှာစေး လျှင်ခြေဖဝါး ဆားပွတ်ရေလောင်းပေးပါ။ ကွမ်းရွက်အရည်ညစ် အုန်းဆီနဲ့ဖျော် ငယ်ထိပ်လိမ်းပေးပါ။ ပရုတ်ဆီ၊ပရုတ်မြစ်၊ရှောက်ရွက်၊လေးညှင်းပွင့်(ရရာ)ပြုတ်ပြီးအငွေ့ရှူ ပါ။ ကျားမနိုင်မြစ်သွေးပြီးနှာတံတလျှောက်လိမ်းပေးပါ။ရေနွေးပူပူတွင်ရှောက်ရွက် အနည်းငယ်ကြက်သွန်နီဥကြီး၊ကြက်သွန်ဖြူဥမြွာ ငရုတ်ကောင်းအနည်းငယ်ည့်၍ပူပူမှုတ်သောက်။ ငရုတ်ကောင်းစေ့ကို အပ်ဖျားထိပ်ထိုး မီးရှိူ့ပြီးအငွေ့ရှူပေးပါက နှာစေး နှာပိတ်ထိပ်ကပ်နာကိုသက်သာစေသည်။ ➳နှာပိတ် လျှင်သံပုရာသီးမီးကင် အရည်ကိုခပ်နွေးနွေးညစ်ထည့်၊ကွမ်းရွက် လျှက်ဆား ထုံး ၃မျိုးကိုရောပွတ်ခြေပြီး နှာဝတွင်တေ့ရှူပေးပါ။ မိုးမျှော်ငရုတ်သီးခြောက်ကို အညှာမှကိုင်ထိပ်ကိုမီးရှိူ့ပြီးရှူပေးပါ။နှမ်းဆီဖြင့် နှာခေါင်း နှာတံအရင်းမှအဖျားထိပွတ်ဆွဲချပါ အကြိမ်များစွာဏြုလုပ်ပါက နှာပွင့်စေသည်။ ခြေဖဝါးတွင် ရေနံဆီ၊ ပရုတ်ဆီ လိမ်းပြီးနှိပ်နယ်ပေးလျှင် […]