
မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်တွင် လ၀ကဝန်ထမ်း အမျိုးသမီးနှင့် စစ်အရာရှိ ဗိုလ်မှူး ဟောင်း ခင်ပွန်းတို့
လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်တွင် လ၀က ဝန်ထမ်း အမျိုး သမီးနှင့် စစ်အရာရှိ ဗိုလ်မှူးဟောင်း ခင်ပွန်းတို့ ပစ်ခတ်ခံရပြီး
သေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၃၀ ဝန်းကျင်အချိန် မရမ်းကုန်း ၁ ရပ် ကွက် ၂ လမ်းသွယ်ထိပ် တွင် လ၀က ဝန်ထမ်း အမျိုးသမီးနှင့်
စစ်အရာရှိ ဗိုလ်မှူးဟောင်း ခင်ပွန်းတို့ ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။
” ဗိုလ်မှူးလင်မယားလို့ ပြောတယ်။ ၂ လမ်းထိပ်မှာ အပစ်ခံရတာ။ အခု မရမ်း ကုန်း ၁ ရပ်ကွက် ဘုရင့်နောင်အခြမ်းကို ပိတ်ထားတယ်။
အဲဒီနားမှာနေတဲ့ အမျိုး တွေ ဖုန်းလှမ်းဆက်တော့ အခြေအနေဆိုးတယ်ပြောတယ်။ ရပ်ကွက် ထဲက ဘယ်သူမှ မထွက်ခိုင်းဘူး။
အကုန်ပိတ်ဆို့ထားတယ်။ ပစ်ခတ်သူတွေ ရပ် ကွက် ထဲမှာပဲရှိတယ်ဆိုပြီး စစ်တပ်က ပေးမထွက်တာ” ဒေသခံပြည်သူတစ်ဦး က ပြောဆိုသည်။
ထို့ပြင်စစ်တပ်က ပစ်ခတ်ခံရသည့်နေရာဝန်းကျင်တွင် CCTV ကင်မရာများ တပ်ဆင်ထားခြင်း ရှိ၊ မရှိ လိုက်လံစစ်ဆေးနေပြီး
CCTV မှတ်တမ်းရှိလျှင် စစ်တပ် ကို ချက်ချင်းပေးရန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကို တောင်းခံ နေ ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ် မရမ်းကုန်း ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးကွဲစဉ် စစ်တပ်က ပိတ်ဆို့စစ်ဆေးစဉ်။
==================
မရမ္းကုန္းၿမိဳ႕နယ္ ၁ ရပ္ကြက္တြင္ လ၀ကဝန္ထမ္း အမ်ိဳးသမီးႏွင့္ စစ္အရာရွိ ဗိုလ္မႉး ေဟာင္း ခင္ပြန္းတို႔
လက္ဖက္ရည္ဆိုင္တြင္ ပစ္ခတ္ခံရၿပီး ေသဆုံး
ရန္ကုန္၊ ဇန္နဝါရီ ၂၅
ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္ ၁ ရပ္ကြက္တြင္ လ၀က ဝန္ထမ္း အမ်ိဳး သမီးႏွင့္ စစ္အရာရွိ ဗိုလ္မႉးေဟာင္း ခင္ပြန္းတို႔ ပစ္ခတ္ခံရၿပီး
ေသဆုံးေၾကာင္း ေဒသျပည္သူမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ဇန္နဝါရီလ ၂၅ ရက္ေန႔ နံနက္ ၈ နာရီ ၃၀ ဝန္းက်င္အခ်ိန္ မရမ္းကုန္း ၁ ရပ္ ကြက္ ၂ လမ္းသြယ္ထိပ္ တြင္ လ၀က ဝန္ထမ္း အမ်ိဳးသမီးႏွင့္
စစ္အရာရွိ ဗိုလ္မႉးေဟာင္း ခင္ပြန္းတို႔ ပစ္ခတ္ခံရၿပီး ပြဲခ်င္းၿပီး ေသဆုံးျခင္းျဖစ္ေၾကာင္း သိရွိရသည္။
” ဗိုလ္မႉးလင္မယားလို႔ ေျပာတယ္။ ၂ လမ္းထိပ္မွာ အပစ္ခံရတာ။ အခု မရမ္း ကုန္း ၁ ရပ္ကြက္ ဘုရင့္ေနာင္အျခမ္းကို ပိတ္ထားတယ္။
အဲဒီနားမွာေနတဲ့ အမ်ိဳး ေတြ ဖုန္းလွမ္းဆက္ေတာ့ အေျခအေနဆိုးတယ္ေျပာတယ္။ ရပ္ကြက္ ထဲက ဘယ္သူမွ မထြက္ခိုင္းဘူး။
အကုန္ပိတ္ဆို႔ထားတယ္။ ပစ္ခတ္သူေတြ ရပ္ ကြက္ ထဲမွာပဲရွိတယ္ဆိုၿပီး စစ္တပ္က ေပးမထြက္တာ” ေဒသခံျပည္သူတစ္ဦး က ေျပာဆိုသည္။
ထို႔ျပင္စစ္တပ္က ပစ္ခတ္ခံရသည့္ေနရာဝန္းက်င္တြင္ CCTV ကင္မရာမ်ား တပ္ဆင္ထားျခင္း ရွိ၊ မရွိ လိုက္လံစစ္ေဆးေနၿပီး
CCTV မွတ္တမ္းရွိလွ်င္ စစ္တပ္ ကို ခ်က္ခ်င္းေပးရန္ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားကို ေတာင္းခံ ေန ေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- ၂၀၂၁ ခုႏွစ္ မရမ္းကုန္း ၁ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ ဗုံးကြဲစဥ္ စစ္တပ္က ပိတ္ဆို႔စစ္ေဆးစဥ္။
Be the first to comment