မန္တလေး စက်သုံးဆီပန့် အရောင်းဆိုင်များ ရောင်းစရာ ဆီမရှိသဖြင့် ပိတ်ပစ်ရမည့် အခြေဆိုက်နေ…

စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီကြီးတွေက လက်လီအရောင်းဆိုင်တွေကို အလျင်မှီအောင်

ပြန်လည်ရောင်းချပေးနိုင်မှုမရှိလို့ ဆိုင်တွေ ပိတ်ရတော့မယ့် အခြေအနေ ဖြစ်နေပြီလို့

မန္တလေးအခြေစိုက် အသေးစားနဲ့ အလတ်စား စက်သုံးဆီ ပန့်အရောင်းဆိုင်တွေက ပြောပါတယ်။

လက်ရှိ မန္တလေး စက်သုံးဆီ ပန့်အရောင်းဆိုင်တွေမှာ ဓာတ်ဆီ ၉၅ အမျိုးအစားက ရောင်းစရာ မရှိတော့သလို

ဓာတ်ဆီ ၉၂ နဲ့ ဒီဇယ်လည်း ပြတ်သလောက် ရှိနေပြီလို့ စက်သုံးဆီပန့် အရောင်းဆိုင် အရောင်းဆိုင်တွေထံက သိရပါတယ်။

နိုင်ငံတဝန်းရှိ လက်လီအရောင်းဆိုင်တွေမှာ စက်သုံးဆီပြတ်လပ်မှု မရှိစေရေးနဲ့ လိုအပ်တဲ့

စက်သုံးဆီ ဖြည့်ဆည်းပေးနိုင်ဖို့ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးနေတယ်လို့

စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ လက်တွေ့ အခြေအနေမှာတော့ လက်လီအရောင်းဆိုင်တွေထံ ပြန်လည်ဖြန့်ဖြူးပေးနိုင်မှု မရှိလို့

အရောင်းဆိုင်တွေ ပိတ်သိမ်းရတော့ အနေအထားနဲ့ ကြုံတွေ့နေရပါတယ်။

စက်သုံးဆီပန့်အရောင်းဆိုင်ပိုင်ရှင်တဦးက “လက်ရှိတော့ ဒုက္ခရောက်နေတယ်။ ဝယ်ချင်သလို ဝယ်လို့ မရ၊

သူတို့ သတင်းစာတွေထဲမှာ စက်သုံးဆီ လုံလုံ လောက်လောက် ရှိပါတယ်၊ သင်္ဘောတွေနဲ့ ချနေပါတယ်ပြောတာ။

တကယ်တမ်း ဆီသွင်းတဲ့ ကုမ္ပဏီတွေမှာ အဓိက ဘာပြဿနာ တက်နေလဲဆိုတော့ ဒေါ်လာကို

သူတို့ သတ်မှတ်တဲ့ ရည်ညွှန်းဈေးနဲ့ပဲ ရောင်းပေး မယ်ဆိုပေမယ့် တကယ်တမ်းလက်တွေ့မှာ သူတို့ မရောင်းပေးနိုင်ဘူး။

မရောင်းပေးနိုင်တော့ ဆီသွင်းတဲ့ သူတွေကလည်း ဟိုဘက်ကို ပိုက်ဆံ မပေးနိုင်ဘူး ဖြစ်နေတယ်။

ပိုက်ဆံမပေးနိုင်တော့ ဆီက တသုတ်နဲ့ တသုတ် ပြတ်သွားတာပေါ့။ ဒေါ်လာလည်း ဝယ်လို့ ရလာတဲ့ အချိန်ရောက်ရော

ရောက်လာတဲ့ ဆီက အလျင်မမှီတော့ဘူး ဖြစ်နေတယ်။နောက်တချက်က သူတို့ သတ်မှတ်ထားတဲ့

ရည်ညွှန်းဈေးတွေနဲ့ ရောင်းခိုင်းတဲ့ နေရာမှာလည်း ကုမ္ပဏီတွေက တွက်ခြေမကိုက်လို့ မရောင်းတာတွေလည်း ပါတယ်၊

မသွင်းတာလည်း ပါတယ် ဆိုတော့ အခြေအနေက ပိုဆိုးတာပေါ့ဗျာ”လို့ပြောပါတယ်။

လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သက်ဆိုင်ရာအသင်းအဖွဲ့တွေထံ တင်ပြ တောင်းဆိုဖို့ကလည်း

ဘယ်လိုမျှ မဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ စက်သုံးဆီလက်လီအရောင်းဆိုင်သမားတွေက ဆိုပါတယ်။

အသေးစားနဲ့အလတ်စားလုပ်ငန်းရှင်တဦးက “တင်ပြလည်း ကျနော်တို့နိုင်ငံက သိတယ်မဟုတ်လား။

သူတို့ တင်ပြ ပေးထားပါတယ်ဆိုတဲ့ ဒီအဖြေဘဲ ထွက်တာလေ။ ကျနော်တို့လည်း ဘာမှ လုပ်လို့မရဘူး။

သူတို့ သတင်းစာရှင်းလင်းပွဲတွေမှာလည်း ဒီအတိုင်းဘဲလေ။ တင်ပြထားပေး ပါတယ်။

စီစဉ်ဆောင်ရွက်နေပါတယ်။ ဒါနဲ့ပဲ ဖြေသိမ့်နေရတာလေ။ ဘယ်သူ့ကိုမှ အားကိုးလို့ ရတာမှ မဟုတ်တာ။

နည်းနည်း လူလည်ကျတဲ့လူတွေတော့ ဟိုဘက်လှည့် ဒီဘက်လှည့်နဲ့ ဆီလေးတွေ နည်းနည်း ရတာပေါ့။

ကျနော်ကတော့ သိပ်ခေါင်းခြောက် မခံချင်တော့လို့ ရရင်လည်း ရောင်းလိုက်မယ်။

မရရင်လည်း ရပ်ထားလိုက်တာပေါ့၊ ဒီလိုဘဲ ရှိတော့တယ်။ တချို့စီးပွားရေးသမား တွေကတော့

ဟိုဘက် လှည့်ဝယ်၊ ဒီဘက် လှည့်ဝယ်ပေါ့။ အဲ့လို လှည့်ပြီး ရနေတဲ့ သူလည်း ရှိတာပေါ့” လို့ ပြောပါတယ်။

DENKO စက်သုံးဆီကုမ္ပဏီကြီးမှာ ဇွန်လ ၂၈ ရက် ရောင်းချပေးတဲ့ စက်သုံးဆီ ၁လီတာ အတွက်

ဈေးနှုန်းက ရန်ကုန်မြို့မှာ ဓာတ်ဆီ(၉၂ အမျိုးအစား) ၂၂၁၀ ကျပ်၊ ဓာတ်ဆီ(၉၅ အမျိုးအစား) ၂၃၂၀ ကျပ်၊

ဒီဇယ်(ရိုးရိုး) ၂၆၀၅ ကျပ် နဲ့ ဒီဇယ်(ပရီမီယံ) ၂၆၃၀ ကျပ် ရှိပါတယ်။

အလားတူ မန္တလေးမြို့မှာ ရောင်းချပေးနေတဲ့ ၁ လီတာဈေးနှုန်းက ဓါတ်ဆီ(၉၂ အမျိုးအစား) ၂၂၅၅ ကျပ်၊

ဓာတ်ဆီ(၉၅ အမျိုးအစား) ၂၃၆၅ ကျပ်၊ ဒီဇယ်(ရိုးရိုး) ၂၆၅၀ ကျပ် နဲ့ ဒီဇယ်(ပရီမီယံ) ၂၆၈၀ ကျပ် ရှိပါတယ်။

DVB TV News

Credit

===============

Zawgyi

စက္သုံးဆီတင္သြင္းတဲ့ ကုမၸဏီႀကီးေတြက လက္လီအေရာင္းဆိုင္ေတြကို အလ်င္မွီေအာင္

ျပန္လည္ေရာင္းခ်ေပးႏိုင္မႈမရွိလို႔ ဆိုင္ေတြ ပိတ္ရေတာ့မယ့္ အေျခအေန ျဖစ္ေနၿပီလို႔

မႏၲေလးအေျခစိုက္ အေသးစားနဲ႔ အလတ္စား စက္သုံးဆီ ပန႔္အေရာင္းဆိုင္ေတြက ေျပာပါတယ္။

လက္ရွိ မႏၲေလး စက္သုံးဆီ ပန႔္အေရာင္းဆိုင္ေတြမွာ ဓာတ္ဆီ ၉၅ အမ်ိဳးအစားက ေရာင္းစရာ မရွိေတာ့သလို

ဓာတ္ဆီ ၉၂ နဲ႔ ဒီဇယ္လည္း ျပတ္သေလာက္ ရွိေနၿပီလို႔ စက္သုံးဆီပန႔္ အေရာင္းဆိုင္ အေရာင္းဆိုင္ေတြထံက သိရပါတယ္။

ႏိုင္ငံတဝန္းရွိ လက္လီအေရာင္းဆိုင္ေတြမွာ စက္သုံးဆီျပတ္လပ္မႈ မရွိေစေရးနဲ႔ လိုအပ္တဲ့

စက္သုံးဆီ ျဖည့္ဆည္းေပးႏိုင္ဖို႔ စက္သုံးဆီတင္သြင္းတဲ့ ကုမၸဏီေတြနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္ေပးေနတယ္လို႔

စစ္ေကာင္စီလက္ေအာက္ခံ စက္သုံးဆီတင္သြင္းသိုေလွာင္ ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီက ထုတ္ျပန္ထားပါတယ္။

ဒါေပမဲ့ လက္ေတြ႕ အေျခအေနမွာေတာ့ လက္လီအေရာင္းဆိုင္ေတြထံ ျပန္လည္ျဖန႔္ျဖဴးေပးႏိုင္မႈ မရွိလို႔

အေရာင္းဆိုင္ေတြ ပိတ္သိမ္းရေတာ့ အေနအထားနဲ႔ ႀကဳံေတြ႕ေနရပါတယ္။

စက္သုံးဆီပန႔္အေရာင္းဆိုင္ပိုင္ရွင္တဦးက “လက္ရွိေတာ့ ဒုကၡေရာက္ေနတယ္။ ဝယ္ခ်င္သလို ဝယ္လို႔ မရ၊

သူတို႔ သတင္းစာေတြထဲမွာ စက္သုံးဆီ လုံလုံ ေလာက္ေလာက္ ရွိပါတယ္၊ သေဘၤာေတြနဲ႔ ခ်ေနပါတယ္ေျပာတာ။

တကယ္တမ္း ဆီသြင္းတဲ့ ကုမၸဏီေတြမွာ အဓိက ဘာျပႆနာ တက္ေနလဲဆိုေတာ့ ေဒၚလာကို

သူတို႔ သတ္မွတ္တဲ့ ရည္ၫႊန္းေဈးနဲ႔ပဲ ေရာင္းေပး မယ္ဆိုေပမယ့္ တကယ္တမ္းလက္ေတြ႕မွာ သူတို႔ မေရာင္းေပးႏိုင္ဘူး။

မေရာင္းေပးႏိုင္ေတာ့ ဆီသြင္းတဲ့ သူေတြကလည္း ဟိုဘက္ကို ပိုက္ဆံ မေပးႏိုင္ဘူး ျဖစ္ေနတယ္။

ပိုက္ဆံမေပးႏိုင္ေတာ့ ဆီက တသုတ္နဲ႔ တသုတ္ ျပတ္သြားတာေပါ့။ ေဒၚလာလည္း ဝယ္လို႔ ရလာတဲ့ အခ်ိန္ေရာက္ေရာ

ေရာက္လာတဲ့ ဆီက အလ်င္မမွီေတာ့ဘူး ျဖစ္ေနတယ္။ေနာက္တခ်က္က သူတို႔ သတ္မွတ္ထားတဲ့

ရည္ၫႊန္းေဈးေတြနဲ႔ ေရာင္းခိုင္းတဲ့ ေနရာမွာလည္း ကုမၸဏီေတြက တြက္ေျခမကိုက္လို႔ မေရာင္းတာေတြလည္း ပါတယ္၊

မသြင္းတာလည္း ပါတယ္ ဆိုေတာ့ အေျခအေနက ပိုဆိုးတာေပါ့ဗ်ာ”လို႔ေျပာပါတယ္။

လက္ရွိႀကဳံေတြ႕ေနရတဲ့ အခက္အခဲေတြကို သက္ဆိုင္ရာအသင္းအဖြဲ႕ေတြထံ တင္ျပ ေတာင္းဆိုဖို႔ကလည္း

ဘယ္လိုမွ် မျဖစ္ႏိုင္တဲ့ အေျခအေနမွာ ရွိေနတယ္လို႔ စက္သုံးဆီလက္လီအေရာင္းဆိုင္သမားေတြက ဆိုပါတယ္။

အေသးစားနဲ႔အလတ္စားလုပ္ငန္းရွင္တဦးက “တင္ျပလည္း က်ေနာ္တို႔ႏိုင္ငံက သိတယ္မဟုတ္လား။

သူတို႔ တင္ျပ ေပးထားပါတယ္ဆိုတဲ့ ဒီအေျဖဘဲ ထြက္တာေလ။ က်ေနာ္တို႔လည္း ဘာမွ လုပ္လို႔မရဘူး။

သူတို႔ သတင္းစာရွင္းလင္းပြဲေတြမွာလည္း ဒီအတိုင္းဘဲေလ။ တင္ျပထားေပး ပါတယ္။

စီစဥ္ေဆာင္႐ြက္ေနပါတယ္။ ဒါနဲ႔ပဲ ေျဖသိမ့္ေနရတာေလ။ ဘယ္သူ႔ကိုမွ အားကိုးလို႔ ရတာမွ မဟုတ္တာ။

နည္းနည္း လူလည္က်တဲ့လူေတြေတာ့ ဟိုဘက္လွည့္ ဒီဘက္လွည့္နဲ႔ ဆီေလးေတြ နည္းနည္း ရတာေပါ့။

က်ေနာ္ကေတာ့ သိပ္ေခါင္းေျခာက္ မခံခ်င္ေတာ့လို႔ ရရင္လည္း ေရာင္းလိုက္မယ္။

မရရင္လည္း ရပ္ထားလိုက္တာေပါ့၊ ဒီလိုဘဲ ရွိေတာ့တယ္။ တခ်ိဳ႕စီးပြားေရးသမား ေတြကေတာ့

ဟိုဘက္ လွည့္ဝယ္၊ ဒီဘက္ လွည့္ဝယ္ေပါ့။ အဲ့လို လွည့္ၿပီး ရေနတဲ့ သူလည္း ရွိတာေပါ့” လို႔ ေျပာပါတယ္။

DENKO စက္သုံးဆီကုမၸဏီႀကီးမွာ ဇြန္လ ၂၈ ရက္ ေရာင္းခ်ေပးတဲ့ စက္သုံးဆီ ၁လီတာ အတြက္

ေဈးႏႈန္းက ရန္ကုန္ၿမိဳ႕မွာ ဓာတ္ဆီ(၉၂ အမ်ိဳးအစား) ၂၂၁၀ က်ပ္၊ ဓာတ္ဆီ(၉၅ အမ်ိဳးအစား) ၂၃၂၀ က်ပ္၊

ဒီဇယ္(႐ိုး႐ိုး) ၂၆၀၅ က်ပ္ နဲ႔ ဒီဇယ္(ပရီမီယံ) ၂၆၃၀ က်ပ္ ရွိပါတယ္။

အလားတူ မႏၲေလးၿမိဳ႕မွာ ေရာင္းခ်ေပးေနတဲ့ ၁ လီတာေဈးႏႈန္းက ဓါတ္ဆီ(၉၂ အမ်ိဳးအစား) ၂၂၅၅ က်ပ္၊

ဓာတ္ဆီ(၉၅ အမ်ိဳးအစား) ၂၃၆၅ က်ပ္၊ ဒီဇယ္(႐ိုး႐ိုး) ၂၆၅၀ က်ပ္ နဲ႔ ဒီဇယ္(ပရီမီယံ) ၂၆၈၀ က်ပ္ ရွိပါတယ္။

DVB TV News

Credit