လက်ထဲ ဒေါ်လာ မရှိတော့တဲ့ စကစ စက်သုံးဆီ အကြွေးပေးနိုင်မယ့် ကုမ္ပဏီကို အသည်းအသန် ရှာနေ

မြန်မာနိုင်ငံအတွင်း လိုအပ်နေသည့် စက်သုံးဆီ ဝယ်ယူတင်သွင်းရာတွင် ဆိုင်းငံ့ငွေပေးချေမှု စနစ်ဖြင့်

တင်သွင်းနိုင်မည့် သွင်းကုန်လုပ်ငန်းရှင်များရှိပါက ဝန်ဆောင်မှုပေးရန် စကစ လက်အောက်ခံ စီးပွားကူးသန်း ဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

စကစ လက်အောက်ခံ စီးပွားကူးသန်း ဝန်ကြီးဌာန စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း

ကြီးကြပ်ရေးကော်မတီမှ ဇွန်လ (၂၄) ရက် ရက်စွဲဖြင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ

ဖြန့်ဖြူးရေးအသင်းထံ အကြောင်း ကြားစာ‌ပေးပို့ခဲ့ခြင်း ဖြစ်ပါတယ်။

“တကယ်တော့ လတ်တလောကာလမှာ စက်သုံးဆီကို နိုင်ငံခြားသုံးငွေ ထုတ်ပေးနိုင်သလောက်ပဲ

ဆီတင်သွင်းနေသူများမှ တင်သွင်းနေခြင်းဖြစ်ပါတယ်။ နိုင်ငံ ခြားသုံးငွေထုတ်ပေးနိုင်မှု

အနည်းငယ် နှောင့်နှေးသွားတာနဲ့စျေးကွက်အတွင်း ဆီမလုံလောက်မှုများဖြစ်နိုင်တဲ့အလားအလာလည်းရှိပါတယ်။

ဒါ​ကြောင့်စက်သုံးဆီတင်သွင်းဖြန့်ဖြူးရေးကြီးကြပ်မှုကော်မတီမှ မလိုလားအပ်ပဲ ဆီပြတ်လတ်မှု ဖြစ်ပေါ်လာမယ့်

အလားအလာလျှော့ချဖို့ရည်ရွယ်ပြီး Differ Payment နဲ့တင်သွင်းနိုင် သူ​တွေကို ဖိတ်ခေါ်တာဖြစ်မယ်” လို့

စက်သုံးဆီ တင်သွင်းသူတဦးက ပြောပါတယ်။ဝန်ကြီးဌာနရဲ့ ယခုဖိတ်ခေါ်မှုအပေါ် ဆောင်ရွက်ပေးနိုင်မယ့်

လုပ်ငန်းရှင်များအနေဖြင့် စကစ လက်အောက်ခံ စီးပွားကူးသန်းဝန်ကြီး ဌာန စက်သုံးဆီတင်သွင်းသိုလှောင်

ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီထံ အမြန်ဆုံး တင်ပြကြရန်လည်း အဆိုပါ အကြောင်းကြားစာတွင် ဖော်ပြထားပါတယ်။

ယင်းသို့ တင်သွင်းရာတွင်လည်း ဝယ်ယူရရှိနိုင်မည့် Supplier ကုမ္မဏီ၊ ဆိုင်းငံ့ငွေပေးချေမှုစနစ်ဖြင့်ဝယ်ယူနိုင်မည့်

စက်သုံးဆီအမျိုးအစား၊ Importer နှင့် Supplier ကြား သဘောတူညီထားသော အချက်များ၊

အများဆုံး ဆိုင်းငံ့ပေးထားနိုင်မည့် စက်သုံးဆီ ပမာဏနှင့် အချိန်ကာလကိုပါ

တင်ပြပေးရမည်ဟုလည်း စီးပွားကူးသန်း ဝန်ကြီးဌာန ထံမှ သိရပါတယ်။

ယခုလို စက်သုံးဆီ အကြွေးပေးနိုင်မယ့် ကုမ္ပဏီကို ခေါ်ယူလိုက်ခြင်းကြောင့် စက်သုံးဆီ အတွက်

လက်ငင်း ငွေပေးချေဖို့ ဒေါ်လာ ပမာဏ စကစ လက်ထဲမှာ မရှိတာက သေချာသွားပါပြီ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက နိုင်ငံတကာ စက်သုံးဆီကုမ္ပဏီတွေက

စကစကို စက်သုံးဆီ အကြွေး မရောင်းတော့ပါဘူး။ဒေါ်လာ အရင်ပေးမှ စက်သုံးဆီတွေ

ဆိပ်ကမ်းမှာ ချပေးမယ့် အနေအထားတွေ ဖြစ်လာတာကြောင့် စကစ အနေနဲ့ စက်သုံးဆီ အကြွေးပေးမယ့်

ကုမ္ပဏီတွေကို အသည်းအသန် လိုက်ရှာနေရတာ ဖြစ်ပါတယ်။ ယခုလို အခြေအနေတွေကြောင့်

စကစရဲ့ စက်သုံးဆီ ဈေးနှုန်း ထိန်းချုပ်နိုင်ရေး အိပ်မက် ပျက်ပြယ်သွားပြီး မြန်မာပြည် အနေနဲ့

စက်သုံးဆီ ပြတ်လမ်မှုကို ပိုမိုခံစားရဖွယ်ရှိပြီး ဈေးနှုန်း အဆမတန်ကြီးမြင့်လာမှာ ဖြစ်ကြောင်း ဈေးကွက်ပညာရှင်တဦးက သုံးသပ်ထားပါတယ်။

Credit

==================

Zawgyi

ျမန္မာႏိုင္ငံအတြင္း လိုအပ္ေနသည့္ စက္သုံးဆီ ဝယ္ယူတင္သြင္းရာတြင္ ဆိုင္းငံ့ေငြေပးေခ်မႈ စနစ္ျဖင့္

တင္သြင္းႏိုင္မည့္ သြင္းကုန္လုပ္ငန္းရွင္မ်ားရွိပါက ဝန္ေဆာင္မႈေပးရန္ စကစ လက္ေအာက္ခံ စီးပြားကူးသန္း ဝန္ႀကီးဌာနက ေၾကညာလိုက္ပါတယ္။

စကစ လက္ေအာက္ခံ စီးပြားကူးသန္း ဝန္ႀကီးဌာန စက္သုံးဆီတင္သြင္းသိုေလွာင္ ျဖန႔္ျဖဴးျခင္းလုပ္ငန္း

ႀကီးၾကပ္ေရးေကာ္မတီမွ ဇြန္လ (၂၄) ရက္ ရက္စြဲျဖင့္ ျမန္မာႏိုင္ငံ စက္သုံးဆီတင္သြင္းေရာင္းခ်

ျဖန႔္ျဖဴးေရးအသင္းထံ အေၾကာင္း ၾကားစာ‌ေပးပို႔ခဲ့ျခင္း ျဖစ္ပါတယ္။

“တကယ္ေတာ့ လတ္တေလာကာလမွာ စက္သုံးဆီကို ႏိုင္ငံျခားသုံးေငြ ထုတ္ေပးႏိုင္သေလာက္ပဲ

ဆီတင္သြင္းေနသူမ်ားမွ တင္သြင္းေနျခင္းျဖစ္ပါတယ္။ ႏိုင္ငံ ျခားသုံးေငြထုတ္ေပးႏိုင္မႈ

အနည္းငယ္ ေႏွာင့္ေႏွးသြားတာနဲ႔ေစ်းကြက္အတြင္း ဆီမလုံေလာက္မႈမ်ားျဖစ္ႏိုင္တဲ့အလားအလာလည္းရွိပါတယ္။

ဒါ​ေၾကာင့္စက္သုံးဆီတင္သြင္းျဖန္႔ျဖဴးေရးႀကီးၾကပ္မႈေကာ္မတီမွ မလိုလားအပ္ပဲ ဆီျပတ္လတ္မႈ ျဖစ္ေပၚလာမယ့္

အလားအလာေလွ်ာ့ခ်ဖို႔ရည္႐ြယ္ၿပီး Differ Payment နဲ႔တင္သြင္းႏိုင္ သူ​ေတြကို ဖိတ္ေခၚတာျဖစ္မယ္” လို႔

စက္သုံးဆီ တင္သြင္းသူတဦးက ေျပာပါတယ္။ဝန္ႀကီးဌာနရဲ႕ ယခုဖိတ္ေခၚမႈအေပၚ ေဆာင္႐ြက္ေပးႏိုင္မယ့္

လုပ္ငန္းရွင္မ်ားအေနျဖင့္ စကစ လက္ေအာက္ခံ စီးပြားကူးသန္းဝန္ႀကီး ဌာန စက္သုံးဆီတင္သြင္းသိုေလွာင္

ျဖန႔္ျဖဴးျခင္းလုပ္ငန္း ႀကီးၾကပ္ေရးေကာ္မတီထံ အျမန္ဆုံး တင္ျပၾကရန္လည္း အဆိုပါ အေၾကာင္းၾကားစာတြင္ ေဖာ္ျပထားပါတယ္။

ယင္းသို႔ တင္သြင္းရာတြင္လည္း ဝယ္ယူရရွိႏိုင္မည့္ Supplier ကုမၼဏီ၊ ဆိုင္းငံ့ေငြေပးေခ်မႈစနစ္ျဖင့္ဝယ္ယူႏိုင္မည့္

စက္သုံးဆီအမ်ိဳးအစား၊ Importer ႏွင့္ Supplier ၾကား သေဘာတူညီထားေသာ အခ်က္မ်ား၊

အမ်ားဆုံး ဆိုင္းငံ့ေပးထားႏိုင္မည့္ စက္သုံးဆီ ပမာဏႏွင့္ အခ်ိန္ကာလကိုပါ

တင္ျပေပးရမည္ဟုလည္း စီးပြားကူးသန္း ဝန္ႀကီးဌာန ထံမွ သိရပါတယ္။

ယခုလို စက္သုံးဆီ အေႂကြးေပးႏိုင္မယ့္ ကုမၸဏီကို ေခၚယူလိုက္ျခင္းေၾကာင့္ စက္သုံးဆီ အတြက္

လက္ငင္း ေငြေပးေခ်ဖို႔ ေဒၚလာ ပမာဏ စကစ လက္ထဲမွာ မရွိတာက ေသခ်ာသြားပါၿပီ။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ အာဏာသိမ္းၿပီးကတည္းက ႏိုင္ငံတကာ စက္သုံးဆီကုမၸဏီေတြက

စကစကို စက္သုံးဆီ အေႂကြး မေရာင္းေတာ့ပါဘူး။ေဒၚလာ အရင္ေပးမွ စက္သုံးဆီေတြ

ဆိပ္ကမ္းမွာ ခ်ေပးမယ့္ အေနအထားေတြ ျဖစ္လာတာေၾကာင့္ စကစ အေနနဲ႔ စက္သုံးဆီ အေႂကြးေပးမယ့္

ကုမၸဏီေတြကို အသည္းအသန္ လိုက္ရွာေနရတာ ျဖစ္ပါတယ္။ ယခုလို အေျခအေနေတြေၾကာင့္

စကစရဲ႕ စက္သုံးဆီ ေဈးႏႈန္း ထိန္းခ်ဳပ္ႏိုင္ေရး အိပ္မက္ ပ်က္ျပယ္သြားၿပီး ျမန္မာျပည္ အေနနဲ႔

စက္သုံးဆီ ျပတ္လမ္မႈကို ပိုမိုခံစားရဖြယ္ရွိၿပီး ေဈးႏႈန္း အဆမတန္ႀကီးျမင့္လာမွာ ျဖစ္ေၾကာင္း ေဈးကြက္ပညာရွင္တဦးက သုံးသပ္ထားပါတယ္။

Credit