ဒီ၂ဝဝ ကျပ်ကို သေသေချာချာ သိမ်းထားတာ ၆ နှစ်ကျော်ပါပြီ

ဒီ၂ဝဝ ကျပ်ကို သေသေချာချာ သိမ်းထားတာ ၆ နှစ်ကျော်ပါပြီ…

ကျွန်တော် အရမ်းပျင်းရိတဲ့အခါ၊ အဆင်မပြေမှု၊ အခက်ခဲတွေကြုံတဲ့ အခါမှာလည်း

ဒီ ၂၀၀ ကျပ်ကို ကြည့်လိုက်ရင် ခွန်အားတွေ ပြန်ပြည့်လာတယ်လို့ အမြဲခံစားရပါတယ်။

ဒီ ၂၀၀ ကျပ်ကို တန်ခိုးရှိတဲ့ ဆရာ၊ ဘုန်းကြီးတွေ ပေးထားလို့ သိမ်းထားခြင်းလည်း မဟုတ်သလို

ကျွန်တော်က အယူသီးသူတစ်ယောက်ဖြစ်လို့ သိမ်းထားခြင်းလည်း မဟုတ်ပါ။

လွန်ခဲ့တဲ့ ၆ နှစ်က သူငယ်ချင်းတွေနဲ့ ကန်ဘောင်မှာ တစ်ပတ် တစ်ခေါက် ပုံမှန်ရောက်ဖြစ်တယ်။

ကန်ဘောင်ပေါ်မှာ သီချင်းတွေ ဆိုဖြစ်တယ်။ တစ်ခါတစ်လေလည်း ဘီယာ သောက်ရင်းနဲ့ စကားတွေပြော ဖြစ်ကြပါတယ်။

ကြုံရင် ကြုံသလို ဈေးလိုက်ရောင်းနေတဲ့ ဈေးသည်တွေဆီက မုန့်၊ ရေသန့်ဗူးတွေ ဝယ်ရင်း

သူတို့နဲ့ စကားတွေလည်း ခဏခဏ ပြောဖြစ်တယ်။ တချို့နဲ့ဆို ရင်နှီးခဲ့ကြပါတယ်။

တစ်ရက်တော့ ရေသန့်နဲ့ အာလူးကြော် လိုက်ရောင်းတဲ့ ၁၀ နှစ်အရွယ် မိန်းကလေး တစ်ယောက်က အနားကို ရောက်လာတယ်။

သူ့ရဲ့ ကိုယ်ပေါ်ကအဝတ်တွေဟာ အရမ်းကို ဟောင်းနွမ်းနေတော့ တော်တော်သနားမိတယ်။

ကျွန်တော် တို့ကလည်း ရေဆာနေတော့ ၄ဝဝ ကျပ်တန် ရေတစ်ဗူး ယူလိုက်တယ်။

ဒို့သူငယ်ချင်းတွေက အမ်းစရာငွေကို ပြန်မယူဘဲ သူတို့ကို မုန့်ဖိုးပေးတတ်တဲ့

အကျင့် တစ်ခုရှိတော့ ကျန်တဲ့ ၆ဝဝ ကို သမီးပဲ ယူလိုက်ပါလို့ ပြောလိုက်မိတယ်။

အဲဒီ အချိန် သူ ပြန်ပြော တာက “သူများ ငွေ အလကား မလိုချင်ပါဘူး၊

အကိုတို့ပိုက်ဆံ အကိုတို့ပြန်ယူပါ” ဆိုပြီး ၆ဝဝ ပြန်အမ်းပေးတယ်။

ကျွန်တော်က ဒီကလေးကို အရမ်းစိတ်ဝင်စား သွားတော့ သူ့ကို ပြန်ပြော လိုက်တယ်။

“ဒီ ၆ဝဝ မယူရင် ညီမလေးဆီက ရေသန့်လည်း မဝယ်နိုင်တော့ဘူး”

ဒီကလေးက ခပ်စွာစွာလေသံနဲ့ ပြန်ပြောတယ်။ “ရတယ်လေ သမီးရဲ့ ရေသန့်ဗူး ပြန်ပေးပါ။

ရော့ အကို့ရဲ့ ပိုက်ဆံ ၁ဝဝဝ။ သူများငွေကို အလကား ယူစရာလား၊ မယူနိုင်ပါဘူး။”

သူမရဲ့ ရေသန့်ဗူး ယူပြီး “ရေသန့်ဗူး၊ ရေသန့်ဗူး၊ အာလူးကြော် ရမယ်” ဆိုပြီး

ကျွန်တော်တို့ရှိတဲ့နေရာက သူထွက်သွားတယ်။ တစ်ချက်မှ နောက်ပြန် မလှည့်ပါ။

အရွယ်နဲ့ မလိုက်တဲ့ ဘဝသမားတစ်ယောက်ရဲ့ စိတ်ဓာတ်ကို သဘောကျမိတော့ သူ့နောက်ကို မရမက ပြန်ပြီး လိုက်သွားမိတယ်။

“ရေသန့် ၂ ဗူးပေးပါ သမီး” လို့ပြောတော့

“ခဏစောင့်ပါ အကို။ သမီးမှာ အမ်းစရာ ၂ဝဝ မရှိသေးဘူး ဈေးလိုက်ရောင်း လိုက်မယ်။

ပြီးတော့ အကိုတို့ဆီ ပြန်လာခဲ့မယ်” ဆိုပြီး သူ ဈေးရောင်း ထွက်သွားခဲ့တယ်။

သူအမ်းမယ့် ငွေကို အမှတ်တရ သိမ်းထားချင်တဲ့ ကျွန်တော်က ရေဆာတဲ့စိတ်တောင် ဘယ်ရောက်သွားမှန်း မသိတော့ပါ။

သူ့ကို စောင့်နေခဲ့တယ်။ ခဏအကြာ သူပြန်ရောက် လာခဲ့တယ်။ ပြီးတော့ ဒီ၂ဝဝ ကျပ်ကို သူပေးသွားတယ်။

အခုတော့ ကျွန်တော့် လက်ထဲမှာ သိမ်းထားတာ ၆ နှစ်ရှိပါပြီ။

လမ်းဘေးမှာ ညတိုင်း ဈေးလိုက်ရောင်းပြီး အဘွားကို ရိုးသားစွာနဲ့

ရှာဖွေကျွေးနေတဲ့ ၁၀ နှစ်အရွယ် ကလေးက ပေးခဲ့တဲ့ ၂ဝဝ ကျပ်ပါ။

မှတ်ချက်။ ။ အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ လမ်းပေါ်မှာ ဈေးရောင်းနေတဲ့ သူတိုင်း

စိတ်ဓာတ် ဆင်းရဲ ကြသူများ မဟုတ်ပါ။ လေးလေးစားစား ဆက်ဆံပေးကြပါ…။

Credit

===============

Zawgyi

ဒီ၂ဝဝ က်ပ္ကို ေသေသခ်ာခ်ာ သိမ္းထားတာ ၆ ႏွစ္ေက်ာ္ပါၿပီ…

ကြၽန္ေတာ္ အရမ္းပ်င္းရိတဲ့အခါ၊ အဆင္မေျပမႈ၊ အခက္ခဲေတြႀကဳံတဲ့ အခါမွာလည္း

ဒီ ၂၀၀ က်ပ္ကို ၾကည့္လိုက္ရင္ ခြန္အားေတြ ျပန္ျပည့္လာတယ္လို႔ အၿမဲခံစားရပါတယ္။

ဒီ ၂၀၀ က်ပ္ကို တန္ခိုးရွိတဲ့ ဆရာ၊ ဘုန္းႀကီးေတြ ေပးထားလို႔ သိမ္းထားျခင္းလည္း မဟုတ္သလို

ကြၽန္ေတာ္က အယူသီးသူတစ္ေယာက္ျဖစ္လို႔ သိမ္းထားျခင္းလည္း မဟုတ္ပါ။

လြန္ခဲ့တဲ့ ၆ ႏွစ္က သူငယ္ခ်င္းေတြနဲ႔ ကန္ေဘာင္မွာ တစ္ပတ္ တစ္ေခါက္ ပုံမွန္ေရာက္ျဖစ္တယ္။

ကန္ေဘာင္ေပၚမွာ သီခ်င္းေတြ ဆိုျဖစ္တယ္။ တစ္ခါတစ္ေလလည္း ဘီယာ ေသာက္ရင္းနဲ႔ စကားေတြေျပာ ျဖစ္ၾကပါတယ္။

ႀကဳံရင္ ႀကဳံသလို ေဈးလိုက္ေရာင္းေနတဲ့ ေဈးသည္ေတြဆီက မုန႔္၊ ေရသန႔္ဗူးေတြ ဝယ္ရင္း

သူတို႔နဲ႔ စကားေတြလည္း ခဏခဏ ေျပာျဖစ္တယ္။ တခ်ိဳ႕နဲ႔ဆို ရင္ႏွီးခဲ့ၾကပါတယ္။

တစ္ရက္ေတာ့ ေရသန႔္နဲ႔ အာလူးေၾကာ္ လိုက္ေရာင္းတဲ့ ၁၀ ႏွစ္အ႐ြယ္ မိန္းကေလး တစ္ေယာက္က အနားကို ေရာက္လာတယ္။

သူ႔ရဲ႕ ကိုယ္ေပၚကအဝတ္ေတြဟာ အရမ္းကို ေဟာင္းႏြမ္းေနေတာ့ ေတာ္ေတာ္သနားမိတယ္။

ကြၽန္ေတာ္ တို႔ကလည္း ေရဆာေနေတာ့ ၄ဝဝ က်ပ္တန္ ေရတစ္ဗူး ယူလိုက္တယ္။

ဒို႔သူငယ္ခ်င္းေတြက အမ္းစရာေငြကို ျပန္မယူဘဲ သူတို႔ကို မုန႔္ဖိုးေပးတတ္တဲ့

အက်င့္ တစ္ခုရွိေတာ့ က်န္တဲ့ ၆ဝဝ ကို သမီးပဲ ယူလိုက္ပါလို႔ ေျပာလိုက္မိတယ္။

အဲဒီ အခ်ိန္ သူ ျပန္ေျပာ တာက “သူမ်ား ေငြ အလကား မလိုခ်င္ပါဘူး၊

အကိုတို႔ပိုက္ဆံ အကိုတို႔ျပန္ယူပါ” ဆိုၿပီး ၆ဝဝ ျပန္အမ္းေပးတယ္။

ကြၽန္ေတာ္က ဒီကေလးကို အရမ္းစိတ္ဝင္စား သြားေတာ့ သူ႔ကို ျပန္ေျပာ လိုက္တယ္။

“ဒီ ၆ဝဝ မယူရင္ ညီမေလးဆီက ေရသန႔္လည္း မဝယ္ႏိုင္ေတာ့ဘူး”

ဒီကေလးက ခပ္စြာစြာေလသံနဲ႔ ျပန္ေျပာတယ္။ “ရတယ္ေလ သမီးရဲ႕ ေရသန႔္ဗူး ျပန္ေပးပါ။

ေရာ့ အကို႔ရဲ႕ ပိုက္ဆံ ၁ဝဝဝ။ သူမ်ားေငြကို အလကား ယူစရာလား၊ မယူႏိုင္ပါဘူး။”

သူမရဲ႕ ေရသန႔္ဗူး ယူၿပီး “ေရသန႔္ဗူး၊ ေရသန႔္ဗူး၊ အာလူးေၾကာ္ ရမယ္” ဆိုၿပီး

ကြၽန္ေတာ္တို႔ရွိတဲ့ေနရာက သူထြက္သြားတယ္။ တစ္ခ်က္မွ ေနာက္ျပန္ မလွည့္ပါ။

အ႐ြယ္နဲ႔ မလိုက္တဲ့ ဘဝသမားတစ္ေယာက္ရဲ႕ စိတ္ဓာတ္ကို သေဘာက်မိေတာ့ သူ႔ေနာက္ကို မရမက ျပန္ၿပီး လိုက္သြားမိတယ္။

“ေရသန႔္ ၂ ဗူးေပးပါ သမီး” လို႔ေျပာေတာ့

“ခဏေစာင့္ပါ အကို။ သမီးမွာ အမ္းစရာ ၂ဝဝ မရွိေသးဘူး ေဈးလိုက္ေရာင္း လိုက္မယ္။

ၿပီးေတာ့ အကိုတို႔ဆီ ျပန္လာခဲ့မယ္” ဆိုၿပီး သူ ေဈးေရာင္း ထြက္သြားခဲ့တယ္။

သူအမ္းမယ့္ ေငြကို အမွတ္တရ သိမ္းထားခ်င္တဲ့ ကြၽန္ေတာ္က ေရဆာတဲ့စိတ္ေတာင္ ဘယ္ေရာက္သြားမွန္း မသိေတာ့ပါ။

သူ႔ကို ေစာင့္ေနခဲ့တယ္။ ခဏအၾကာ သူျပန္ေရာက္ လာခဲ့တယ္။ ၿပီးေတာ့ ဒီ၂ဝဝ က်ပ္ကို သူေပးသြားတယ္။

အခုေတာ့ ကြၽန္ေတာ့္ လက္ထဲမွာ သိမ္းထားတာ ၆ ႏွစ္ရွိပါၿပီ။

လမ္းေဘးမွာ ညတိုင္း ေဈးလိုက္ေရာင္းၿပီး အဘြားကို ႐ိုးသားစြာနဲ႔

ရွာေဖြေကြၽးေနတဲ့ ၁၀ ႏွစ္အ႐ြယ္ ကေလးက ေပးခဲ့တဲ့ ၂ဝဝ က်ပ္ပါ။

မွတ္ခ်က္။ ။ အဝတ္အစား စုတ္စုတ္ျပတ္ျပတ္နဲ႔ လမ္းေပၚမွာ ေဈးေရာင္းေနတဲ့ သူတိုင္း

စိတ္ဓာတ္ ဆင္းရဲ ၾကသူမ်ား မဟုတ္ပါ။ ေလးေလးစားစား ဆက္ဆံေပးၾကပါ…။

Credit