ဆိုင်ကယ်စီးလျှင် မှတ်ပုံတင်ယူရမည့်အချက် အပါအဝင် အခြားလိုက်နာရမည့် စည်းကမ်းချက်များကို စစ်ကောင်စီ ထုတ်ပြန်…

ဆိုင်ကယ်စီးလျှင် မှတ်ပုံတင်ယူရမည့်အချက် အပါအဝင် အခြားစည်းကမ်းများကို စစ်ကောင်စီ ကြေညာ

မန္တလေးတိုင်း၊ မန္တလေးမြို့တွင် ဆိုင်ကယ် စီးလျှင် မှတ်ပုံတင်မူရင်း၊ ကိုဗစ်ဆေးထိုးပြီးကြောင်းကဒ်နှင့်

ယာဥ်မောင်းလိုင်စင်များယူဆောင်ရမည်ဟု စစ်ကောင်စီလက်အောက် ခံရပ်ကွက်ရုံးများက

လိုက်လံကြေညာနေကြောင်းမြို့ခံများထံကသိရသည်။ပြည်သူ့ကာကွယ်ရေးတပ်များသည်

တောထဲတွင်နေရသည့်အတွက် ကိုဗစ်ဆေးထိုးထားသည့် ကဒ်ပြားမရှိနိုင်၍ ကိုဗစ်ဆေးထိုးထားသည့်

ထောက်ခံကဒ်ပြားစစ်ပါက မြို့ပြပြောက်ကျား အဖွဲ့များကိုဖမ်းနိုင်ကြောင်း စစ်အုပ်စုလော်ဘီ

တယ်လီဂရမ် ချန်နယ်များတွင် ပြောဆိုမှုများရှိခဲ့ပြီးနောက် စစ်ကောင်စီက စစ်ဆေးမည်ဟုကြေညာခြင်းဖြစ်သည်။

“ဒီကောင်တွေ တကယ့်ငပေါတွေ၊လော်ဘီတွေရမ်းပြောတိုင်းအကုန်လိုက်လုပ်တာ။

အခုကြည့်ဘယ်ဥပဒေလဲ။ ဘယ်ဥပဒေမှာမှတ်ပုံတင်ယူရမယ်ဆိုတာပါလို့လဲဗျာ “ဟု မန္တလေးမြို့ခံတစ်ဦးကမှတ်ချက်ပြုသည်။

အဆိုပါထုတ်ပြန်ချက်ကို ယမန်နေ့ ဇွန် လ၂၂ ရက်က ရပ်ကွက်အချို့တွင် ကားဖြင့်လိုက်လံကြေညာသွားကြောင်း မြို့ခံများထံကသိရသည်။

ထို့အပြင် ဆိုင်ကယ်ကိုနှစ်ယောက်ထပ်ပိုမစီးရန်နှင့် ကားမောင်းပါကခါးပတ်တပ်ရန်ပါကြေညာသွားသည်ဟုသိရသည်။

ပြင်ဦးလွင်မြို့တွင်လည်းအဆိုပါ ထုတ်ပြန် ချက်ကို

စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ် ရေးမှူးများကလိုက်လံကြေညာခဲ့ကြောင်းသိရသည်။

#P20 #Lungekhit

ဓာတ်ပုံ- NCL

Credit – လူငယ့်ခေတ်

====================

Zawgyi

ဆိုင္ကယ္စီးလွ်င္ မွတ္ပုံတင္ယူရမည့္အခ်က္ အပါအဝင္ အျခားစည္းကမ္းမ်ားကို စစ္ေကာင္စီ ေၾကညာ

မႏၲေလးတိုင္း၊ မႏၲေလးၿမိဳ႕တြင္ ဆိုင္ကယ္ စီးလွ်င္ မွတ္ပုံတင္မူရင္း၊ ကိုဗစ္ေဆးထိုးၿပီးေၾကာင္းကဒ္ႏွင့္

ယာဥ္ေမာင္းလိုင္စင္မ်ားယူေဆာင္ရမည္ဟု စစ္ေကာင္စီလက္ေအာက္ ခံရပ္ကြက္႐ုံးမ်ားက

လိုက္လံေၾကညာေနေၾကာင္းၿမိဳ႕ခံမ်ားထံကသိရသည္။ျပည္သူ႔ကာကြယ္ေရးတပ္မ်ားသည္

ေတာထဲတြင္ေနရသည့္အတြက္ ကိုဗစ္ေဆးထိုးထားသည့္ ကဒ္ျပားမရွိႏိုင္၍ ကိုဗစ္ေဆးထိုးထားသည့္

ေထာက္ခံကဒ္ျပားစစ္ပါက ၿမိဳ႕ျပေျပာက္က်ား အဖြဲ႕မ်ားကိုဖမ္းႏိုင္ေၾကာင္း စစ္အုပ္စုေလာ္ဘီ

တယ္လီဂရမ္ ခ်န္နယ္မ်ားတြင္ ေျပာဆိုမႈမ်ားရွိခဲ့ၿပီးေနာက္ စစ္ေကာင္စီက စစ္ေဆးမည္ဟုေၾကညာျခင္းျဖစ္သည္။

“ဒီေကာင္ေတြ တကယ့္ငေပါေတြ၊ေလာ္ဘီေတြရမ္းေျပာတိုင္းအကုန္လိုက္လုပ္တာ။

အခုၾကည့္ဘယ္ဥပေဒလဲ။ ဘယ္ဥပေဒမွာမွတ္ပုံတင္ယူရမယ္ဆိုတာပါလို႔လဲဗ်ာ “ဟု မႏၲေလးၿမိဳ႕ခံတစ္ဦးကမွတ္ခ်က္ျပဳသည္။

အဆိုပါထုတ္ျပန္ခ်က္ကို ယမန္ေန႔ ဇြန္ လ၂၂ ရက္က ရပ္ကြက္အခ်ိဳ႕တြင္ ကားျဖင့္လိုက္လံေၾကညာသြားေၾကာင္း ၿမိဳ႕ခံမ်ားထံကသိရသည္။

ထို႔အျပင္ ဆိုင္ကယ္ကိုႏွစ္ေယာက္ထပ္ပိုမစီးရန္ႏွင့္ ကားေမာင္းပါကခါးပတ္တပ္ရန္ပါေၾကညာသြားသည္ဟုသိရသည္။

ျပင္ဦးလြင္ၿမိဳ႕တြင္လည္းအဆိုပါ ထုတ္ျပန္ ခ်က္ကို

စစ္ေကာင္စီ လက္ေအာက္ခံ အုပ္ခ်ဳပ္ ေရးမႉးမ်ားကလိုက္လံေၾကညာခဲ့ေၾကာင္းသိရသည္။

#P20 #Lungekhit

ဓာတ္ပုံ- NCL

Credit – လူငယ့္ေခတ္

Be the first to comment

Leave a Reply

Your email address will not be published.


*