
ရန်ကုန်၊ ဇွန် ၂၃
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယခင်ကာလများကဲ့သို့ နေအိမ် အကျယ်ချုပ်ထားခြင်းမပြုဘဲ
အကျဉ်းထောင်တွင် ထားရှိ အကျဉ်းချရန်နှင့် ၎င်း ၏ နိုင်ငံရေး ဘ၀ အဆုံးသတ်ရေး နည်းလမ်း မျိုးစုံဖြင့် လုပ်ဆောင်ရန်
အကြမ်း ဖက် ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားထားကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ရှိ အထူးတရားရုံးတွင် အမှုများ ဆက်လက် ရင်ဆိုင်ရန်
ယခုရက်ပိုင်းအတွင်း စစ်တပ်က ရွှေ့ပြောင်း ခဲ့ ကြောင်း၊ တရားရင်ဆိုင်သည့်ကာလ ကုန်ဆုံး၍ အမိန့်များ ချမှတ်ပြီး ပါက လည်း
အကျဉ်းထောင်တွင်သာ ထားရှိရန် မင်းအောင်လှိုင်က အမိန့်ပေး ညွှန် ကြား ထားကြောင်း သိရှိရသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သွင်းအကျဉ်းချဖို့ ၊ ထောင်ထဲမှာပဲ ထားဖို့ ၊ နိုင်ငံရေး စင်မြင့်မှာ နောက်ထပ် ထပ်ပြီး
ပေါ်လာစရာမရှိနိုင်တော့ဘူးပေါ့။ ဒါ ကြောင့် အကျဉ်းသူဘဝနဲ့ပဲ ထားဖို့ ဆိုတာတွေကို
တပ်ချုပ်က ဝန်ကြီး (စိုးထွဋ်) ကို တိုက်ရိုက် ညွှန်ကြားမှုပေးတယ်။
တပ်ချုပ်အနေနဲ့ကတော့ ဒေါ်အောင် ဆန်းစုကြည်အပေါ်မှာ အမုန်းတရား နဲ့ အာဃာတကြီးတယ်လို့ပြောရမယ်။
သူ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် မျက်နှာတောင် မကြည့်ချင် မမြင်ချင်ဘူးလို့ ပြောတယ်။
အခု အမှုရင်ဆိုင်ဖို့ ထောင်တရားရုံးရွှေ့တယ်ဆိုပေမယ့် အမှု ပြီး ရင်လည်း ထောင်အတွင်းမှာပဲ အဆုံး သတ်သွားတာမျိုးအထိ
သွားမယ့် အနေ အထားပါပဲ” ဟု စစ်ကောင်စီထိပ်ပိုင်းနှင့်ဆက်နွယ်မှုရှိနေသည့် သတင်း ရင်း မြစ် က ပြောသည်။
လက်ရှိ နေပြည်တော်အကျဉ်းထောင်ရွှေ့ခြင်း၊ အကျဉ်းထောင်တွင် ထားရှိရန် စီစဉ်ခြင်းများကို ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က
ကိုင်တွယ်ပြီး မင်းအောင်လှိုင်ထံ တိုက်ရိုက် အစီရင်ခံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိစ္စကို ကိုင်တွယ်ရာတွင် ကြားခံမရှိဘဲ
မင်းအောင်လှိုင်နှင့် စိုးထွဋ်အကြား အမိန့်ပေး အမိန့်ခံယူ ပုံစံမျိုး လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရှိရသည်။
ထို့ပြင် လက်ရှိ မင်းအောင်လှိုင်၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြုမူ ဆက်ဆံ မှုများသည် ယခင် ခေတ်အဆက် ဆက်
စစ်ခေါင်းဆောင်များကဲ့သို့ မဟုတ် တော့ဘဲ ကြမ်းတမ်းကြောင်း၊ စစ်တပ်အနေဖြင့်လည်း ရေရှည် ခေါင်းဆောင် အဆင့်ဆင့်
အပြောင်းအလဲတွင် အာဏာ မစွန့်လွှတ်တော့ဘဲ ဆက်လက် ယူ သွားမည့် အခြေအနေ မြင်ရကြောင်း
စစ်ကောင်စီထိပ်ပိုင်း နှင့်ဆက်နွယ် မှု ရှိနေသည့် သတင်းရင်းမြစ်က ပြောသည်။
“မြင်ရတာတော့ ဒီအာဏာသိမ်းမှုက လတ်တလောအတွက်လည်း မဟုတ်ဘူး။
သူတို့မှာ နောင် ၁၀ နှစ်ကနေပြီး နှစ် ၂၀ အတွက် တပ်က အာဏာရယူထားဖို့ ကြိုတင် ပြင်ဆင်မှုတွေ အများကြီးတွေ့ရတယ်။
စီးပွားရေးကစလို့ နိုင်ငံရေး အထိ ဥပဒေရေးရာတွေအထိ တပ်ဘက်က အများကြီးကို ပြင်ဆင်နေတာ ရှိပါ တယ်။
ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်မယ့် အချိန်အထိကို တပ်ဘက်က တွက်ချက်ပြီး အာဏာ လက်မလွှတ်ဘဲ
ဆုပ်ကိုင်ထားမယ့် အခြေအနေလည်း မြင် ရပါတယ်” ဟု စစ်ကောင်စီထိပ်ပိုင်းနှင့်ဆက်နွယ်မှုရှိနေသည့် သတင်း ရင်း မြစ်က ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် စစ်ကောင်စီ က
မတရားအမှုဆင်စွဲဆိုထားသော အမှုများစွာကို ရင်ဆိုင်နေရသည်။
Credit
===================
Zawgyi
ရန္ကုန္၊ ဇြန္ ၂၃
လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကို ယခင္ကာလမ်ားကဲ့သို႔ ေနအိမ္ အက်ယ္ခ်ဳပ္ထားျခင္းမျပဳဘဲ
အက်ဥ္းေထာင္တြင္ ထားရွိ အက်ဥ္းခ်ရန္ႏွင့္ ၎ ၏ ႏိုင္ငံေရး ဘ၀ အဆုံးသတ္ေရး နည္းလမ္း မ်ိဳးစုံျဖင့္ လုပ္ေဆာင္ရန္
အၾကမ္း ဖက္ ေခါင္းေဆာင္ မင္းေအာင္လႈိင္က ၫႊန္ၾကားထားေၾကာင္း သိရွိရသည္။
ေဒၚေအာင္ဆန္းစုၾကည္ကို ေနျပည္ေတာ္အက်ဥ္းေထာင္ရွိ အထူးတရား႐ုံးတြင္ အမႈမ်ား ဆက္လက္ ရင္ဆိုင္ရန္
ယခုရက္ပိုင္းအတြင္း စစ္တပ္က ေ႐ႊ႕ေျပာင္း ခဲ့ ေၾကာင္း၊ တရားရင္ဆိုင္သည့္ကာလ ကုန္ဆုံး၍ အမိန႔္မ်ား ခ်မွတ္ၿပီး ပါက လည္း
အက်ဥ္းေထာင္တြင္သာ ထားရွိရန္ မင္းေအာင္လႈိင္က အမိန႔္ေပး ၫႊန္ ၾကား ထားေၾကာင္း သိရွိရသည္။
“ေဒၚေအာင္ဆန္းစုၾကည္ကို ေထာင္သြင္းအက်ဥ္းခ်ဖို႔ ၊ ေထာင္ထဲမွာပဲ ထားဖို႔ ၊ ႏိုင္ငံေရး စင္ျမင့္မွာ ေနာက္ထပ္ ထပ္ၿပီး
ေပၚလာစရာမရွိႏိုင္ေတာ့ဘူးေပါ့။ ဒါ ေၾကာင့္ အက်ဥ္းသူဘဝနဲ႔ပဲ ထားဖို႔ ဆိုတာေတြကို
တပ္ခ်ဳပ္က ဝန္ႀကီး (စိုးထြဋ္) ကို တိုက္႐ိုက္ ၫႊန္ၾကားမႈေပးတယ္။
တပ္ခ်ဳပ္အေနနဲ႔ကေတာ့ ေဒၚေအာင္ ဆန္းစုၾကည္အေပၚမွာ အမုန္းတရား နဲ႔ အာဃာတႀကီးတယ္လို႔ေျပာရမယ္။
သူ႔ အေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ မ်က္ႏွာေတာင္ မၾကည့္ခ်င္ မျမင္ခ်င္ဘူးလို႔ ေျပာတယ္။
အခု အမႈရင္ဆိုင္ဖို႔ ေထာင္တရား႐ုံးေ႐ႊ႕တယ္ဆိုေပမယ့္ အမႈ ၿပီး ရင္လည္း ေထာင္အတြင္းမွာပဲ အဆုံး သတ္သြားတာမ်ိဳးအထိ
သြားမယ့္ အေန အထားပါပဲ” ဟု စစ္ေကာင္စီထိပ္ပိုင္းႏွင့္ဆက္ႏြယ္မႈရွိေနသည့္ သတင္း ရင္း ျမစ္ က ေျပာသည္။
လက္ရွိ ေနျပည္ေတာ္အက်ဥ္းေထာင္ေ႐ႊ႕ျခင္း၊ အက်ဥ္းေထာင္တြင္ ထားရွိရန္ စီစဥ္ျခင္းမ်ားကို ျပည္ထဲေရးဝန္ႀကီး စိုးထြဋ္က
ကိုင္တြယ္ၿပီး မင္းေအာင္လႈိင္ထံ တိုက္႐ိုက္ အစီရင္ခံေၾကာင္း၊ ေဒၚေအာင္ဆန္းစုၾကည္ကိစၥကို ကိုင္တြယ္ရာတြင္ ၾကားခံမရွိဘဲ
မင္းေအာင္လႈိင္ႏွင့္ စိုးထြဋ္အၾကား အမိန႔္ေပး အမိန႔္ခံယူ ပုံစံမ်ိဳး လုပ္ေဆာင္ျခင္းျဖစ္သည္ဟု သိရွိရသည္။
ထို႔ျပင္ လက္ရွိ မင္းေအာင္လႈိင္၏ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ျပဳမူ ဆက္ဆံ မႈမ်ားသည္ ယခင္ ေခတ္အဆက္ ဆက္
စစ္ေခါင္းေဆာင္မ်ားကဲ့သို႔ မဟုတ္ ေတာ့ဘဲ ၾကမ္းတမ္းေၾကာင္း၊ စစ္တပ္အေနျဖင့္လည္း ေရရွည္ ေခါင္းေဆာင္ အဆင့္ဆင့္
အေျပာင္းအလဲတြင္ အာဏာ မစြန႔္လႊတ္ေတာ့ဘဲ ဆက္လက္ ယူ သြားမည့္ အေျခအေန ျမင္ရေၾကာင္း
စစ္ေကာင္စီထိပ္ပိုင္း ႏွင့္ဆက္ႏြယ္ မႈ ရွိေနသည့္ သတင္းရင္းျမစ္က ေျပာသည္။
“ျမင္ရတာေတာ့ ဒီအာဏာသိမ္းမႈက လတ္တေလာအတြက္လည္း မဟုတ္ဘူး။
သူတို႔မွာ ေနာင္ ၁၀ ႏွစ္ကေနၿပီး ႏွစ္ ၂၀ အတြက္ တပ္က အာဏာရယူထားဖို႔ ႀကိဳတင္ ျပင္ဆင္မႈေတြ အမ်ားႀကီးေတြ႕ရတယ္။
စီးပြားေရးကစလို႔ ႏိုင္ငံေရး အထိ ဥပေဒေရးရာေတြအထိ တပ္ဘက္က အမ်ားႀကီးကို ျပင္ဆင္ေနတာ ရွိပါ တယ္။
ေဒၚေအာင္ဆန္းစုၾကည္ ကြယ္လြန္မယ့္ အခ်ိန္အထိကို တပ္ဘက္က တြက္ခ်က္ၿပီး အာဏာ လက္မလႊတ္ဘဲ
ဆုပ္ကိုင္ထားမယ့္ အေျခအေနလည္း ျမင္ ရပါတယ္” ဟု စစ္ေကာင္စီထိပ္ပိုင္းႏွင့္ဆက္ႏြယ္မႈရွိေနသည့္ သတင္း ရင္း ျမစ္က ေျပာသည္။
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္သည္ လက္ရွိတြင္ စစ္ေကာင္စီ က
မတရားအမႈဆင္စြဲဆိုထားေသာ အမႈမ်ားစြာကို ရင္ဆိုင္ေနရသည္။
Credit
Be the first to comment