စမ်းချောင်း ဗားကရာရှိ ယာဉ်ထိန်းရဲကင်းရုံးအပစ်ခံရ ….

စမ်းချောင်း ဗားကရာရှိ ယာဉ်ထိန်းရဲကင်းရုံးအပစ်ခံရ ….

စမ်းချောင်း ဗားကရာရှိ ယာဉ်ထိန်းရဲကင်းရုံးအပစ်ခံရ ….

စမ်းချောင်း ဗားကရာရှိ ယာဉ်ထိန်းရဲကင်းရုံးအပစ်ခံရ စစ်ကောင်စီတပ် ၁ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

စမ်းချောင်းမြို့နယ် ဗားကရာချောက်ရှိ ယာဉ်ထိန်းရဲကင်းရုံးအပစ်ခံရသဖြင့် စစ်ကောင်စီတပ်မှတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း အနီးအနားတွင် နေထိုင်သူများကပြောသည်။

” အတွဲလိုက် ပစ်သွားတဲ့အသံကြားတယ်။ ဆေးရုံကားတွေလည်း ရောက်လာတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောကြားသည်။

မွန်းလွဲ ၂ နာရီကျော်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းများကို ပိတ်ဆို့ကာ ယာဉ်များကို ပြန်လှည့်ခိုင်းကြောင်း သိရသည်။

လက်ရှိတွင် လူငယ်များနှင့်ပြည်သူများအနေဖြင့် ဗားကရာချောက်ဘက်နှင့်စမ်းချောင်းဘက်သို့ သွားလာခြင်းမပြုကြရန် ဒေသခံလူငယ်အဖွဲ့က သတိပေးချက်ထုတ်ပြန်ထားသည်။

ယနေ့နံနက် အစောပိုင်းကလည်း ဗိုလ်တထောင်မြို့နယ်ရှိ ယာဉ်ထိန်းရဲကင်းရုံး အပစ်ခံရပြီး စစ်ကောင်စီ လေးဦးသေဆုံးခဲ့သည်။







