တရားလိုဘက်က စာအုပ်ကြည့်ကာ ထွက်ဆိုချက်ကြောင့် တရားရုံးတားမြစ်

တရားလိုဘက်က စာအုပ်ကြည့်ကာ ထွက်ဆိုချက်ကြောင့် တရားရုံးတားမြစ်

ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားသည့် အဂတိအမှုနဲ့စပ်လျဉ်းပြီး တရားလိုဘက်က ကြိုတင်ရေးသားထားသော စာအုပ်ထဲကအကြောင်းအရာတွေကို ဖတ်ကြားထွက်ဆိုခဲ့တာကြောင့် တရားရုံးက တားမြစ်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၂ရက်နေ့က နေပြည်တော်ရှိ အထူးတရားရုံးမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်နဲ့ ဦးရဲမင်းဦးတို့ကို စွဲဆိုထားသည့် အဂတိအမှု ၄မှုအား စစ်ဆေးကြားနာမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ထိုသို့စစ်ဆေးကြားနာခဲ့ရာမှာ တရားလိုဖြစ်သည့် အဂတိကော်မရှင်ရဲ့ အဖွဲ့ဝင် ဦးရဲထက်က ထွက်ဆိုရာမှာ ကြိုတင်ရေးသားထားသည့် စာအုပ်ထဲက အကြောင်းအရာများကို ဖတ်ကြားထွက်ဆိုခဲ့သည့်အတွက်ကြောင့် ရှေ့နေများက ကန့်ကွက်ခဲ့သည့်အပေါ် လက်ခံပြီး တရားရုံးက တားမြစ်ခဲ့တယ်လို့ ရှေ့နေအဖွဲ့ထံက သိရပါတယ်။

ဒါ့ပြင် တရားလို ဦးရဲထက်ကို အပြန်အလှန်ဆက်လက်စစ်ဆေးမေးမြန်းရန်အတွက် အောက်တိုဘာလ ၂၉ရက်နေ့သို့ ရုံးချိန်းရယူခဲ့ကြောင်း သိရပြီး ယမန်နေ့ ရုံးချိန်းမှာ ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ဒေါ်လာများ လက်ခံရယူခဲ့သည်ဆိုသော အဂတိအမှုကို သက်သေခေါ်ရန်ရှိသည့်အတွက် မစစ်ဆေးဖြစ်ခဲ့ကြောင်း ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒေါက်တာမျိုးအောင်နဲ့ ဦးရဲမင်းဦးတို့ကို စွဲဆိုထားသည့် အဂတိအမှုများအနက် နေပြည်တော်စည်ပင်သာယာရေးကော်မတီက ပန်းဥယျာဉ်နဲ့ အားကစားဌာနပိုင်မြေ ၂၃ဧကကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေငှားဂရမ်ထုတ်ခဲ့သည့်အမှုကို စစ်ဆေးမှုများပြုလုပ်ခဲ့တာဖြစ်ပါတယ်။

TMA

တရားလိုဘက္က စာအုပ္ၾကည့္ကာ ထြက္ဆိုခ်က္ေၾကာင့္ တရား႐ုံးတားျမစ္

ေဒၚေအာင္ဆန္းစုၾကည္အေပၚ တရားစြဲဆိုထားသည့္ အဂတိအမႈနဲ႔စပ္လ်ဥ္းၿပီး တရားလိုဘက္က ႀကိဳတင္ေရးသားထားေသာ စာအုပ္ထဲကအေၾကာင္းအရာေတြကို ဖတ္ၾကားထြက္ဆိုခဲ့တာေၾကာင့္ တရား႐ုံးက တားျမစ္ခဲ့တယ္လို႔ သိရပါတယ္။

ေအာက္တိုဘာလ ၂၂ရက္ေန႔က ေနျပည္ေတာ္ရွိ အထူးတရား႐ုံးမွာ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ေဒါက္တာမ်ိဳးေအာင္နဲ႔ ဦးရဲမင္းဦးတို႔ကို စြဲဆိုထားသည့္ အဂတိအမႈ ၄မႈအား စစ္ေဆးၾကားနာမႈ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ထိုသို႔စစ္ေဆးၾကားနာခဲ့ရာမွာ တရားလိုျဖစ္သည့္ အဂတိေကာ္မရွင္ရဲ့ အဖြဲ႕ဝင္ ဦးရဲထက္က ထြက္ဆိုရာမွာ ႀကိဳတင္ေရးသားထားသည့္ စာအုပ္ထဲက အေၾကာင္းအရာမ်ားကို ဖတ္ၾကားထြက္ဆိုခဲ့သည့္အတြက္ေၾကာင့္ ေရွ႕ေနမ်ားက ကန႔္ကြက္ခဲ့သည့္အေပၚ လက္ခံၿပီး တရား႐ုံးက တားျမစ္ခဲ့တယ္လို႔ ေရွ႕ေနအဖြဲ႕ထံက သိရပါတယ္။

ဒါ့ျပင္ တရားလို ဦးရဲထက္ကို အျပန္အလွန္ဆက္လက္စစ္ေဆးေမးျမန္းရန္အတြက္ ေအာက္တိုဘာလ ၂၉ရက္ေန႔သို႔ ႐ုံးခ်ိန္းရယူခဲ့ေၾကာင္း သိရၿပီး ယမန္ေန႔ ႐ုံးခ်ိန္းမွာ ဦးၿဖိဳးမင္းသိန္းဆီက ေရႊနဲ႔ေဒၚလာမ်ား လက္ခံရယူခဲ့သည္ဆိုေသာ အဂတိအမႈကို သက္ေသေခၚရန္ရွိသည့္အတြက္ မစစ္ေဆးျဖစ္ခဲ့ေၾကာင္း ဆိုပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ေဒါက္တာမ်ိဳးေအာင္နဲ႔ ဦးရဲမင္းဦးတို႔ကို စြဲဆိုထားသည့္ အဂတိအမႈမ်ားအနက္ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီက ပန္းဥယ်ာဥ္နဲ႔ အားကစားဌာနပိုင္ေၿမ ၂၃ဧကကို ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းအတြက္ ေျမငွားဂရမ္ထုတ္ခဲ့သည့္အမႈကို စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

TMA