သရုပ်ဆောင် ပြေတီဦးနှင့် မော်ဒယ်လ် ပိုင်တံခွန်တို့ အင်းစိန်အကျဉ်းထောင်အတွင်း ကျန်းမာရေးအခြေအနေ

သရုပ်ဆောင် ပြေတီဦးနှင့် မော်ဒယ်လ် ပိုင်တံခွန်တို့ အင်းစိန်အကျဉ်းထောင်အတွင်း ကျန်းမာရေးအခြေအနေ

ယမုံ

ရန်ကုန်၊ အင်းစိန် အကျဉ်းထောင်တွင် အကျဉ်းချခံနေရသည့် ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနှင့် မော်ဒယ်လ် ပိုင်တံခွန်တို့ နေမကောင်းဖြစ်နေသည်ဟု ပိုင်တံခွန်နှင့် အင်းစိန်အကျဉ်းထောင်အတွင်း ခင်မင်ခဲ့ပြီး လက်ရှိ ပြန်လည်လွတ်မြောက်လာသူ တစ်ဦးက ပြောသည်။

မော်ဒယ်လ် ပိုင်တံခွန်သည် ဝမ်းလျှောနေပြီး အခုရက်ပိုင်းအတွင်း ဆေးပုလင်း ချိတ်ထားရကြောင်း နှင့် ဖမ်းဆီးခံထားသူများ လွတ်မြောက်မှုတွင် ၎င်းကျန်နေခဲ့သဖြင့် စိတ်ဓာတ်လည်း ကျနေသည်ဟု ဆိုသည်။ သရုပ်ဆောင် ပြေတီဦးမှာ နေမကောင်းနေကြောင်း သိရသော်လည်း အသေးစိတ်ကိုမူ မသိရပေ။

“သူ့ကိုချစ်တဲ့ ပရိသတ်တွေကို လွမ်းတယ်။ နေမကောင်း ဖြစ်နေချိန် ပိုဝမ်းနည်းရတယ်။ အိမ်ပြန်ချင်တယ်။ ကျွန်တော်လည်း အကိုပြန်တော့ ကျွန်တော်ပိုခံစားရတယ်။ ပြီးတော့ ပရိသတ်တွေကို အရမ်းချစ်ပါတယ်။ မကြာခင်တော့ ပြန်လာနိုင်မယ်လို့ မျှော်လင့်ပြီး ပရိသတ်တွေလည်း သူ့အတွက် ဆုတောင်းပေးကြဖို့ မှာလိုက်ပါတယ်” ဟု အင်းစိန် အကျဉ်းထောင်အတွင်း ပိုင်တံခွန်နှင့် ရင်းနှီးခဲ့သူက ပြောသည်။

မော်ဒယ်လ် ပိုင်တံခွန်သည် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ – က ဖြင့် အာဏာသိမ်း စစ်ကောင်စီ၏ တရားစွဲဆိုခြင်းနှင့် ဖမ်းဝရမ်းထုတ်ခံခဲ့ရပြီး ဧပြီလ ၈ ရက် မနက် ၅ နာရီခန့်တွင် သူ၏ မြောက်ဒဂုံ နေအိမ်တွင်ပင် ဖမ်းဆီးခံခဲ့ရသည်။

“ကျွန်တော့်နာမည် လာခေါ်တော့ သူ့ကိုပြေးဖက်ပြီး ငိုခဲ့တယ်။ ပိုင်တံခွန်က အကို ကျွန်တော်အဖော်မရှိတော့ဘူးဗျာတဲ့။ ခုချိန်ထိလည်း သူတို့ကိုလွမ်းနေတယ်။ သူတို့ကိုလည်း အမြန်ဖြေလျှော့ပြီး လွှတ်ပေးပါစေလို့ ဆုတောင်းပေးနေပါတယ်”ဟု ထောင်အတွင်း ပိုင်တံခွန်နှင့် ခင်မင်ခဲ့သူက ဆိုသည်။

စစ်တပ် အာဏာသိမ်းအပြီး ဖေဖော်ဝါရီလ အစောပိုင်းထဲက မတရား ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် အဆိုတော် စောဖိုးခွားသည်လည်း အင်းစိန် အကျဉ်းထောင်ထဲတွင် ယနေ့အချိန်အထိ တိုက်ပိတ် ခံထားရသည်ဟု သတင်းရင်းမြစ်က ဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်းပြစ်ဒဏ် ကျခံနေရသည့် အကျဉ်းသူ/သားပေါင်း ၁,၃၁၆ ဦး ကို ပြန်လွှတ်မည့် အစီအစဉ်အရ အကျဉ်းထောင်များမှ နိုင်ငံရေး အကျဉ်းသားများကို အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။

အင်းစိန် အကျဉ်းထောင်အတွင်း ဖမ်းဆီးခံထားရသော အနုပညာရှင်များ ဖြစ်သည့် စောဖိုးခွား၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ပိုင်တံခွန် နှင့် ပိုပို တို့ လွတ်မြောက်မှုတွင် မပါဝင်ခဲ့ပေ။

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U

သ႐ုပ္ေဆာင္ ေျပတီဦးႏွင့္ ေမာ္ဒယ္လ္ ပိုင္တံခြန္တို႔ အင္းစိန္အက်ဥ္းေထာင္အတြင္း က်န္းမာေရးအေျခအေန

ယမုံ

ရန္ကုန္၊ အင္းစိန္ အက်ဥ္းေထာင္တြင္ အက်ဥ္းခ်ခံေနရသည့္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေျပတီဦးႏွင့္ ေမာ္ဒယ္လ္ ပိုင္တံခြန္တို႔ ေနမေကာင္းျဖစ္ေနသည္ဟု ပိုင္တံခြန္ႏွင့္ အင္းစိန္အက်ဥ္းေထာင္အတြင္း ခင္မင္ခဲ့ၿပီး လက္ရွိ ျပန္လည္လြတ္ေျမာက္လာသူ တစ္ဦးက ေျပာသည္။

ေမာ္ဒယ္လ္ ပိုင္တံခြန္သည္ ဝမ္းေလၽွာေနၿပီး အခုရက္ပိုင္းအတြင္း ေဆးပုလင္း ခ်ိတ္ထားရေၾကာင္း ႏွင့္ ဖမ္းဆီးခံထားသူမ်ား လြတ္ေျမာက္မႈတြင္ ၎က်န္ေနခဲ့သျဖင့္ စိတ္ဓာတ္လည္း က်ေနသည္ဟု ဆိုသည္။ သ႐ုပ္ေဆာင္ ေျပတီဦးမွာ ေနမေကာင္းေနေၾကာင္း သိရေသာ္လည္း အေသးစိတ္ကိုမူ မသိရေပ။

“သူ႔ကိုခ်စ္တဲ့ ပရိသတ္ေတြကို လြမ္းတယ္။ ေနမေကာင္း ျဖစ္ေနခ်ိန္ ပိုဝမ္းနည္းရတယ္။ အိမ္ျပန္ခ်င္တယ္။ ကၽြန္ေတာ္လည္း အကိုျပန္ေတာ့ ကၽြန္ေတာ္ပိုခံစားရတယ္။ ၿပီးေတာ့ ပရိသတ္ေတြကို အရမ္းခ်စ္ပါတယ္။ မၾကာခင္ေတာ့ ျပန္လာနိုင္မယ္လို႔ ေမၽွာ္လင့္ၿပီး ပရိသတ္ေတြလည္း သူ႔အတြက္ ဆုေတာင္းေပးၾကဖို႔ မွာလိုက္ပါတယ္” ဟု အင္းစိန္ အက်ဥ္းေထာင္အတြင္း ပိုင္တံခြန္ႏွင့္ ရင္းႏွီးခဲ့သူက ေျပာသည္။

ေမာ္ဒယ္လ္ ပိုင္တံခြန္သည္ နိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ – က ျဖင့္ အာဏာသိမ္း စစ္ေကာင္စီ၏ တရားစြဲဆိုျခင္းႏွင့္ ဖမ္းဝရမ္းထုတ္ခံခဲ့ရၿပီး ဧၿပီလ ၈ ရက္ မနက္ ၅ နာရီခန႔္တြင္ သူ၏ ေျမာက္ဒဂုံ ေနအိမ္တြင္ပင္ ဖမ္းဆီးခံခဲ့ရသည္။

“ကၽြန္ေတာ့္နာမည္ လာေခၚေတာ့ သူ႔ကိုေျပးဖက္ၿပီး ငိုခဲ့တယ္။ ပိုင္တံခြန္က အကို ကၽြန္ေတာ္အေဖာ္မရွိေတာ့ဘူးဗ်ာတဲ့။ ခုခ်ိန္ထိလည္း သူတို႔ကိုလြမ္းေနတယ္။ သူတို႔ကိုလည္း အျမန္ေျဖေလၽွာ့ၿပီး လႊတ္ေပးပါေစလို႔ ဆုေတာင္းေပးေနပါတယ္”ဟု ေထာင္အတြင္း ပိုင္တံခြန္ႏွင့္ ခင္မင္ခဲ့သူက ဆိုသည္။

စစ္တပ္ အာဏာသိမ္းအၿပီး ေဖေဖာ္ဝါရီလ အေစာပိုင္းထဲက မတရား ဖမ္းဆီးျခင္းကို ခံခဲ့ရသည့္ အဆိုေတာ္ ေစာဖိုးခြားသည္လည္း အင္းစိန္ အက်ဥ္းေထာင္ထဲတြင္ ယေန႔အခ်ိန္အထိ တိုက္ပိတ္ ခံထားရသည္ဟု သတင္းရင္းျမစ္က ဆိုသည္။

ျမန္မာနိုင္ငံတစ္ဝန္းျပစ္ဒဏ္ က်ခံေနရသည့္ အက်ဥ္းသူ/သားေပါင္း ၁,၃၁၆ ဦး ကို ျပန္လႊတ္မည့္ အစီအစဥ္အရ အက်ဥ္းေထာင္မ်ားမွ နိုင္ငံေရး အက်ဥ္းသားမ်ားကို ေအာက္တိုဘာ ၁၈ ရက္ႏွင့္ ၁၉ ရက္တြင္ ျပန္လႊတ္ေပးခဲ့သည္။

အင္းစိန္ အက်ဥ္းေထာင္အတြင္း ဖမ္းဆီးခံထားရေသာ အႏုပညာရွင္မ်ား ျဖစ္သည့္ ေစာဖိုးခြား၊ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္၊ ပိုင္တံခြန္ ႏွင့္ ပိုပို တို႔ လြတ္ေျမာက္မႈတြင္ မပါဝင္ခဲ့ေပ။

လြတ္လပ္တဲ့ မီဒီယာအျဖစ္ ရပ္တည္နိုင္ေရး မဇၩိမကို ဝိုင္းဝန္းကူညီေပးဖို႔ ဖိတ္ေခၚပါတယ္။ သင္ရဲ့ ကူညီမႈကို ေအာက္ပါလင့္ကို ႏွိပ္ၿပီး လုပ္ေဆာင္နိုင္ပါတယ္။
https://bit.ly/2VhJ12U