ဝမ်းချုပ်တတ်သူများ သိမ်းထားသင့်သည့် ဆေးနည်း

ဝမ်းချုပ်တတ်သူများ သိမ်းထားသင့်သည့် ဆေးနည်း

ဝမ်းချုပ်တတ်သူများ သိမ်းထားသင့်သည့် ဆေးနည်း

ဝမ်းချုပ်တတ်သူများအတွက် လွယ်ကူထိရောက်တဲ့ နည်းလမ်းကောင်းများ

ဝမ်းချုပ်နေသူများ သက်သာအောင် ဒီလိုလုပ်လို့ရတယ်

( ၁ ) နံနက်အိပ်ရာထ သောက်ရေ နှစ်ခွက် ဆက်တိုက် သောက်ပေးခြင်းက အူတွေကို အလုပ်လုပ် စေလို့ ဝမ်းသွားစေပါတယ် ။ ( နေ့စဉ် ရေရှစ်ခွက်မှ ၁၀-ခွက်အထိ သောက်တဲ့အကျင့်ကို မွေးမြူပါ ) ။

( ၂ ) သံပရာသီး ကလည်း ဝမ်းချုပ်ခြင်းမှ သက်သာစေလို့ နံနက်အိပ်ရာထ အစာမစားခင်မှာ ရေ နွေး တစ်ဖန်ခွက်ထဲကို သံပရာသီး တစ်လုံး ညှစ်ပြီး ၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ဆား အနည်းငယ် ဖျော်၍ သောက်ပါ ။

( ၃ ) ပဲသီး ၊ ဟင်းနုနယ် စတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် များနဲ့ လိမ္မော်သီး ၊ သစ်တော်သီးကဲ့ သို့ အရည်ရွှမ်းပြီး အမျှင်များတဲ့ သစ်သီးများ စားပါ ။

( ၄ ) အမျှင်ဓာတ် ပေါများသော ဂုန်လျှော်စေ့က အစာကြေစေပြီး ဝမ်းချုပ်ခြင်းကို သက်သာ ပျောက်ကင်းစေ ပါတယ် ။

( ၅ ) နွားနို့ပူပူ သောက်ခြင်းက အူမကြီးကို ကောင်းစွာ လှုံ့ဆော်ပေးတာကြောင့် ဝမ်းမချုပ်စေ တော့ပါဘူး ( သို့မဟုတ် ) ညအိပ်ရာဝင်ခါနီး နွားနို့ ပူပူထဲမှာ ထောပတ်ကို လက်ဖက်ရည်ဇွန်းတစ် ဇွန်း ပမာဏ ခပ်၍ သောက်ခြင်းဖြင့် နံနက်ပိုင်း ရှောရှောရှုရှု ဝမ်းသက် စေပါတယ် ။

( ၆ ) နံနက်စောစော ( ၁၅ ) မိနစ်ခန့် လမ်းသွက်သွက် လျှောက်ခြင်းက အူများကို လှုပ်ရှားကာ ဝမ်းသွား စေပါတယ် ။

( ၇ ) သဖန်းသီး ၊ ပဲကတ္တီပါ ၊ မြေပဲ ၊ စွန်ပလွန်သီး၊ ပဲပင်ပေါက် စားပေးပါ ။ မာလကာသီး (အူနီ) အမှည့်ကလည်း ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ် ။

( ၈ ) ကြံရည်၊ ခရမ်းချဉ်သီးနဲ့ beet root ( ခေါ် ) သကြား မုန်လာဥ ( ခေါ် ) သွေးရောင်ကဲ့သို့ မုန်လာဥနီ အလုံးတို့ကလည်း ဝမ်းသက်စေလို့ စားပေးပါ။

( ၉ ) နံနက်တိုင်း သင်္ဘောသီး မှည့်မှည့် စားပါ ။

( ၁၀ ) ပန်းသီးကလည်း ဝမ်းချုပ်ခြင်းကို ကောင်းကျိုးပြုတဲ့ အတွက် တစ်နေ့နှစ်လုံး မှန်မှန် စားသင့်ပါတယ် ။

( ၁၁ ) အရွက်မှာ အမွေးလေးတွေ ပါတဲ့ ကုလားမြင်းခွာ ရွက်ပင်၏ အပွင့်ကို သကြားနဲ့ ကြိတ်၍ စားပါ ။

( ၁၂ ) ကြက်ဟင်းခါးသီးကို သောက်ရေ ၊ ဆားတို့နဲ့ စိမ်ပြီး သောက်ပါ ။

( ၁၃ ) ကြက်ဟင်းခါးသီးကို ရေနံဆီဖြ်င့် စိမ်၍ ဝမ်းဗိုက်ကို လိမ်းပေးပါ ။

( ၁၄ ) ကြိတ်မှန်ရွက် ်( ၂၅ ) ကျပ်သားကို ထန်းလျက် ၁၀-ကျပ်သား ၊ အရည်ညှစ်ပြီးသော ရှောက်သီးဖတ် ၁၀- ကျပ်သား၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ ၁၀-ကျပ်သား၊ စမုံမျိုးငါးပါးကို အမှုန့်နှစ်ပဲ၊ စားဆီတို့ဖြင့် ရောချက်ထားသော ကြိတ်မှန်ရွက်ယိုကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့် တစ်နေ့ သုံးကြိမ် စားပေးပါ ။

Credit : ပေါက်ပေါက်

ဝမ္းခ်ဳပ္တတ္သူမ်ား သိမ္းထားသင့္သည့္ ေဆးနည္း

ဝမ္းခ်ဳပ္တတ္သူမ်ား သိမ္းထားသင့္သည့္ ေဆးနည္း

ဝမ္းခ်ဳပ္တတ္သူမ်ားအတြက္ လြယ္ကူထိေရာက္တဲ့ နည္းလမ္းေကာင္းမ်ား

ဝမ္းခ်ဳပ္ေနသူမ်ား သက္သာေအာင္ ဒီလိုလုပ္လို႔ရတယ္

( ၁ ) နံနက္အိပ္ရာထ ေသာက္ေရ ႏွစ္ခြက္ ဆက္တိုက္ ေသာက္ေပးျခင္းက အူေတြကို အလုပ္လုပ္ ေစလို႔ ဝမ္းသြားေစပါတယ္ ။ ( ေန႔စဥ္ ေရရွစ္ခြက္မွ ၁၀-ခြက္အထိ ေသာက္တဲ့အက်င့္ကို ေမြးျမဴပါ ) ။

( ၂ ) သံပရာသီး ကလည္း ဝမ္းခ်ဳပ္ျခင္းမွ သက္သာေစလို႔ နံနက္အိပ္ရာထ အစာမစားခင္မွာ ေရ ေႏြး တစ္ဖန္ခြက္ထဲကို သံပရာသီး တစ္လုံး ညႇစ္ၿပီး ၊ ပ်ားရည္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းနဲ႔ ဆား အနည္းငယ္ ေဖ်ာ္၍ ေသာက္ပါ ။

( ၃ ) ပဲသီး ၊ ဟင္းႏုနယ္ စတဲ့ အစိမ္းေရာင္ ဟင္းသီးဟင္းရြက္ မ်ားနဲ႔ လိေမၼာ္သီး ၊ သစ္ေတာ္သီးကဲ့ သို႔ အရည္ရႊမ္းၿပီး အမၽွင္မ်ားတဲ့ သစ္သီးမ်ား စားပါ ။

( ၄ ) အမၽွင္ဓာတ္ ေပါမ်ားေသာ ဂုန္ေလၽွာ္ေစ့က အစာေၾကေစၿပီး ဝမ္းခ်ဳပ္ျခင္းကို သက္သာ ေပ်ာက္ကင္းေစ ပါတယ္ ။

( ၅ ) ႏြားနို႔ပူပူ ေသာက္ျခင္းက အူမႀကီးကို ေကာင္းစြာ လႈံ႔ေဆာ္ေပးတာေၾကာင့္ ဝမ္းမခ်ဳပ္ေစ ေတာ့ပါဘူး ( သို႔မဟုတ္ ) ညအိပ္ရာဝင္ခါနီး ႏြားနို႔ ပူပူထဲမွာ ေထာပတ္ကို လက္ဖက္ရည္ဇြန္းတစ္ ဇြန္း ပမာဏ ခပ္၍ ေသာက္ျခင္းျဖင့္ နံနက္ပိုင္း ေရွာေရွာရႈရႈ ဝမ္းသက္ ေစပါတယ္ ။

( ၆ ) နံနက္ေစာေစာ ( ၁၅ ) မိနစ္ခန႔္ လမ္းသြက္သြက္ ေလၽွာက္ျခင္းက အူမ်ားကို လႈပ္ရွားကာ ဝမ္းသြား ေစပါတယ္ ။

( ၇ ) သဖန္းသီး ၊ ပဲကတၱီပါ ၊ ေျမပဲ ၊ စြန္ပလြန္သီး၊ ပဲပင္ေပါက္ စားေပးပါ ။ မာလကာသီး (အူနီ) အမွည့္ကလည္း ဝမ္းခ်ဳပ္ျခင္းကို သက္သာေစပါတယ္ ။

( ၈ ) ႀကံရည္၊ ခရမ္းခ်ဥ္သီးနဲ႔ beet root ( ေခၚ ) သၾကား မုန္လာဥ ( ေခၚ ) ေသြးေရာင္ကဲ့သို႔ မုန္လာဥနီ အလုံးတို႔ကလည္း ဝမ္းသက္ေစလို႔ စားေပးပါ။

( ၉ ) နံနက္တိုင္း သေဘၤာသီး မွည့္မွည့္ စားပါ ။

( ၁၀ ) ပန္းသီးကလည္း ဝမ္းခ်ဳပ္ျခင္းကို ေကာင္းက်ိဳးျပဳတဲ့ အတြက္ တစ္ေန႔ႏွစ္လုံး မွန္မွန္ စားသင့္ပါတယ္ ။

( ၁၁ ) အရြက္မွာ အေမြးေလးေတြ ပါတဲ့ ကုလားျမင္းခြာ ရြက္ပင္၏ အပြင့္ကို သၾကားနဲ႔ ႀကိတ္၍ စားပါ ။

( ၁၂ ) ၾကက္ဟင္းခါးသီးကို ေသာက္ေရ ၊ ဆားတို႔နဲ႔ စိမ္ၿပီး ေသာက္ပါ ။

( ၁၃ ) ၾကက္ဟင္းခါးသီးကို ေရနံဆီျဖ္င့္ စိမ္၍ ဝမ္းဗိုက္ကို လိမ္းေပးပါ ။

( ၁၄ ) ႀကိတ္မွန္ရြက္ ္( ၂၅ ) က်ပ္သားကို ထန္းလ်က္ ၁၀-က်ပ္သား ၊ အရည္ညႇစ္ၿပီးေသာ ေရွာက္သီးဖတ္ ၁၀- က်ပ္သား၊ ပါးပါးလွီးထားတဲ့ ၾကက္သြန္နီ ၁၀-က်ပ္သား၊ စမုံမ်ိဳးငါးပါးကို အမႈန႔္ႏွစ္ပဲ၊ စားဆီတို႔ျဖင့္ ေရာခ်က္ထားေသာ ႀကိတ္မွန္ရြက္ယိုကို လက္ဖက္ရည္ဇြန္း တစ္ဇြန္းခန႔္ တစ္ေန႔ သုံးႀကိမ္ စားေပးပါ ။

Credit : ေပါက္ေပါက္