ရေဖြူ NLD ရုံးရှေ့ လူ့ခေါင်းပြတ်ချိတ်ဆွဲမှု နောက်ဆက်တွဲသတင်း

ရေဖြူ NLD ရုံးရှေ့ လူ့ခေါင်းပြတ်ချိတ်ဆွဲမှု နောက်ဆက်တွဲသတင်း

ရေဖြူ NLD ရုံးရှေ့ လူ့ခေါင်းပြတ်ချိတ်ဆွဲသူမှာ ၎င်းတို့လက်ချက်မဟုတ်ကြောင်း ထားဝယ်ပြောက်ကျားအဖွဲ့ငြင်းဆို

ထားဝယ်ခရိုင် ရေဖြူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးအရှေ့တွင် အောက်တိုဘာ ၂၂ရက်နေ့က ချိတ်ဆွဲထားခဲ့သော လူခေါင်းပြတ်တလုံးနှင့် စာတန်းတစ်ခုကို ချိတ်ဆွဲသူမှာ Dawei Guerrilla Revolution Force(DGRF) အဖွဲ့က လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ယနေ့ညနေပိုင်းမှာ အရေးပေါ် တုံ့ပြန် ထုတ်ပြန်ထားသည်။

မည်သူမည်ဝါကချိတ်ဆွဲသွားမှန်းမသိသော စာတန်းတွင် ”ဒလန်ရှင်းလင်းရေးက ဒလန်ကိုသုတ်သင်လိုက်ပြီ။ မင်းတို့ကလုပ်ပြီး မပြောရဲဘူး။ ငါတို့က ပေါ်တင်ပြောပြီးလုပ်တာ ( Dawei Guerrilla Revolution Force)DGRF” ဟု ရေးသားဖော်ပြထားသည်။

DGRF အနေဖြင့် ယခုကိစ္စအပေါ် ” ဦးခေါင်းပြတ်အား DGRFအမည်ဖြင့် လာရောက်ချိတ်ဆွဲထားရာဤသည်မှာ အဖွဲ့သားများရဲ့ လုပ်ဆောင်ချက် လုံးဝ လုံးဝ မဟုတ်ပါကြောင်း ၊ မိမိတို့စုံစမ်းမိသလောက် မနေ့ က ညနေပိုင်းမှာ NLD ရုံးရှေ့ စစ်ကောင်စီ အဖွဲ့ဝင် စစ်သားအချို့ဟာ ကင်းဝပ်လျက်ရှိပြီး ညအချိနချိန် အဆိုပါ လမ်းပေါ်မှာလည်း ရှိနေကြောင်း၊ ယနေ့မနက်မှာတော့ ယခု အဖြစ်အပျက်ရှိနေကြောင်း၊ အဆိုပါယုတ်မာမှုသည် စစ်ကောင်စီမှလွှဲပြီး ဘယ်သူ့လက်ချက်မှ မဖြစ်နိုင်ကြောင်း လက်ချက်သာဖြစ်နိုင်ကြောင်း” ယနေ့ညနေပိုင်းမှာ အရေးပေါ်ထုတ်ပြန်ထားသည်။

”ဒီဒေသပတ်ဝန်းကျင်မှာတော့ အခုလောလောဆယ် သူတို့ကို ထိနာအောင်လုပ်နေတာက ကျွန်တော်တို့ပဲ ရှိတာ၊ သူတို့မြေနင်းရှာ ရွာတွေ ဝင်ဖမ်းပေမဲ့ ခုထိ မမိသေးဘူး၊ သူတို့က ကျွန်တော်တို့ရှိတဲ့နေရာ ဝင်မလာရဲဘူး၊ အဲဒါကြောင့် … ပြည်သူတွေအထင်လွဲအောင်လုပ်တာလို့ပဲ ထပ်ဆောင်းပြောချင်တယ်” လို့ DGRF ပြန်ကြားရေးတာဝန်ခံ ကိုမိုက်ကယ် ပြောသည်။

ဥိးခေါင်းပြတ်၏ မျက်နှာမှာ အရုပ်ပျက်ဆင်းပျက်ဖြစ်နေတာကြောင့် ဘယ်သူဆိုတာကို ဒေသခံများကလည်း အတည်မပြုနိုင်သေးပါဘူး။ဒေသခံများအနေဖြင့် PDF က တကယ်လာရောက်ချိတ်ဆွဲခဲ့ခြင်းလား၊ အကြမ်းဖက်စစ်ကောင်စီက ပြည်သူနှင့် PDF ကို သွေးထိုးပေးတာလားဆိုတာ အငြင်းပွားဖွယ်ရာ ဖြစ်နေသည်။

ယနေ့ မနက်၉နာရီမှာတော့ စစ်ကောင်စီတပ်သားများက အခင်းဖြစ်ပွားရာနေရာတဝိုက်မှာ လုံခြုံရေးယူပြီး လာရောက်ခဲ့ကြသေးသည်။ ‘အဲ့နားမှာ စစ်သားတွေ ရပ်ကြည့်ပြီးတော့ ရွာသားတွေကို ဘယ်သူလုပ်တာလဲဆိုပြီး လိုက်မေးတယ်။ ပြီးတော့ အခုညထိ ချိတ်ထားတုန်းပဲ ။ သူတို့လဲ ယူမသွားဘူး။ အဲ့တိုင်းပဲ ”ဟု ဒေသခံတစ်ဦးက ဆိုသည်။

Mizzima – News in Burmese

ေရျဖဴ NLD ႐ုံးေရွ႕ လူ႔ေခါင္းျပတ္ခ်ိတ္ဆြဲမႈ ေနာက္ဆက္တြဲသတင္း

ေရျဖဴ NLD ႐ုံးေရွ႕ လူ႔ေခါင္းျပတ္ခ်ိတ္ဆြဲသူမွာ ၎တို႔လက္ခ်က္မဟုတ္ေၾကာင္း ထားဝယ္ေျပာက္က်ားအဖြဲ႕ျငင္းဆို

ထားဝယ္ခရိုင္ ေရျဖဴၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ႐ုံးအေရွ႕တြင္ ေအာက္တိုဘာ ၂၂ရက္ေန႔က ခ်ိတ္ဆြဲထားခဲ့ေသာ လူေခါင္းျပတ္တလုံးႏွင့္ စာတန္းတစ္ခုကို ခ်ိတ္ဆြဲသူမွာ Dawei Guerrilla Revolution Force(DGRF) အဖြဲ႕က လုပ္ေဆာင္ျခင္း မဟုတ္ေၾကာင္း ယေန႔ညေနပိုင္းမွာ အေရးေပၚ တုံ႔ျပန္ ထုတ္ျပန္ထားသည္။

မည္သူမည္ဝါကခ်ိတ္ဆြဲသြားမွန္းမသိေသာ စာတန္းတြင္ ”ဒလန္ရွင္းလင္းေရးက ဒလန္ကိုသုတ္သင္လိုက္ၿပီ။ မင္းတို႔ကလုပ္ၿပီး မေျပာရဲဘူး။ ငါတို႔က ေပၚတင္ေျပာၿပီးလုပ္တာ ( Dawei Guerrilla Revolution Force)DGRF” ဟု ေရးသားေဖာ္ျပထားသည္။

DGRF အေနျဖင့္ ယခုကိစၥအေပၚ ” ဦးေခါင္းျပတ္အား DGRFအမည္ျဖင့္ လာေရာက္ခ်ိတ္ဆြဲထားရာဤသည္မွာ အဖြဲ႕သားမ်ားရဲ့ လုပ္ေဆာင္ခ်က္ လုံးဝ လုံးဝ မဟုတ္ပါေၾကာင္း ၊ မိမိတို႔စုံစမ္းမိသေလာက္ မေန႔ က ညေနပိုင္းမွာ NLD ႐ုံးေရွ႕ စစ္ေကာင္စီ အဖြဲ႕ဝင္ စစ္သားအခ်ိဳ႕ဟာ ကင္းဝပ္လ်က္ရွိၿပီး ညအခ်ိနခ်ိန္ အဆိုပါ လမ္းေပၚမွာလည္း ရွိေနေၾကာင္း၊ ယေန႔မနက္မွာေတာ့ ယခု အျဖစ္အပ်က္ရွိေနေၾကာင္း၊ အဆိုပါယုတ္မာမႈသည္ စစ္ေကာင္စီမွလႊဲၿပီး ဘယ္သူ႔လက္ခ်က္မွ မျဖစ္နိုင္ေၾကာင္း လက္ခ်က္သာျဖစ္နိုင္ေၾကာင္း” ယေန႔ညေနပိုင္းမွာ အေရးေပၚထုတ္ျပန္ထားသည္။

”ဒီေဒသပတ္ဝန္းက်င္မွာေတာ့ အခုေလာေလာဆယ္ သူတို႔ကို ထိနာေအာင္လုပ္ေနတာက ကၽြန္ေတာ္တို႔ပဲ ရွိတာ၊ သူတို႔ေျမနင္းရွာ ရြာေတြ ဝင္ဖမ္းေပမဲ့ ခုထိ မမိေသးဘူး၊ သူတို႔က ကၽြန္ေတာ္တို႔ရွိတဲ့ေနရာ ဝင္မလာရဲဘူး၊ အဲဒါေၾကာင့္ … ျပည္သူေတြအထင္လြဲေအာင္လုပ္တာလို႔ပဲ ထပ္ေဆာင္းေျပာခ်င္တယ္” လို႔ DGRF ျပန္ၾကားေရးတာဝန္ခံ ကိုမိုက္ကယ္ ေျပာသည္။

ဥိးေခါင္းျပတ္၏ မ်က္ႏွာမွာ အ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနတာေၾကာင့္ ဘယ္သူဆိုတာကို ေဒသခံမ်ားကလည္း အတည္မျပဳနိုင္ေသးပါဘူး။ေဒသခံမ်ားအေနျဖင့္ PDF က တကယ္လာေရာက္ခ်ိတ္ဆြဲခဲ့ျခင္းလား၊ အၾကမ္းဖက္စစ္ေကာင္စီက ျပည္သူႏွင့္ PDF ကို ေသြးထိုးေပးတာလားဆိုတာ အျငင္းပြားဖြယ္ရာ ျဖစ္ေနသည္။

ယေန႔ မနက္၉နာရီမွာေတာ့ စစ္ေကာင္စီတပ္သားမ်ားက အခင္းျဖစ္ပြားရာေနရာတဝိုက္မွာ လုံျခဳံေရးယူၿပီး လာေရာက္ခဲ့ၾကေသးသည္။ ‘အဲ့နားမွာ စစ္သားေတြ ရပ္ၾကည့္ၿပီးေတာ့ ရြာသားေတြကို ဘယ္သူလုပ္တာလဲဆိုၿပီး လိုက္ေမးတယ္။ ၿပီးေတာ့ အခုညထိ ခ်ိတ္ထားတုန္းပဲ ။ သူတို႔လဲ ယူမသြားဘူး။ အဲ့တိုင္းပဲ ”ဟု ေဒသခံတစ္ဦးက ဆိုသည္။

Mizzima – News in Burmese