“အဆိုတော် ရင်ဂိုက သားဖြစ်သူ အဆို​တော်ဟန်ထူးလွင် (ခ) ကျားပေါက်ကို သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်”

အဆိုတော်ရင်ဂိုက သားဖြစ်သူဟန်ထူးလွင်ကို အမွေပြတ်စွန့်လွှတ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းစာတစ်ခုတွင် ထည့်သွင်း ကြော်ငြာလိုက်ပါတယ်။

သားဖြစ်သူ အဆိုတော်ဟန်ထူးလွင် (ခ) ကျားပေါက်ဟာ မိဘရဲ့ ဆိုဆုံးမမှုအားနားမထောင်ဘဲ ကိုယ့်သဘောဆန္ဒအလျောက် နေအိမ်မှ ထွက်ခွာသွားသဖြင့်

သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်လိုက်ပြီး သားဖြစ်သူနဲ့ပတ်သက်သော ကိစ္စအဝဝအား တာဝန်ယူဖြေရှင်းမှာ မဟုတ်ကြောင်း အဆိုတော်ရင်ဂိုက တရားလွှတ်တော်ရှေ့နေ့ ဖြင့် ကြော်ငြာထားတယ်လို့သိရပါတယ်။

#36myanmarchannel



