Cele

သိန်းပေါင်းထောင်ချီအကုန်ကျခံကာ ဆောက်လုပ်လှူဒါန်းထားတဲ့ ကျောင်းဆောင်သစ်ကြီး ဆောက်လုပ်ပြီးစီးသွားပုံကို ပြသလာတဲ့ စမိုင်းလ်

သိန်းပေါင်းထောင်ချီအကုန်ကျခံကာ ဆောက်လုပ်လှူဒါန်းထားတဲ့ ကျောင်းဆောင်သစ်ကြီး ဆောက်လုပ်ပြီးစီးသွားပုံကို ပြသလာတဲ့ စမိုင်းလ်

သရုပ်ဆောင် စမိုင်းလ်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။

ပရိသတ်တွေအပေါ်မှာလည်း အမြဲတလေးတစားဆက်ဆံတတ်တာကြောင့် အားလုံးက ချစ်ခင်နေကြတာဖြစ်ပါတယ်။

လက်ရှိမှာလည်း ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်။

စမိုင်းလ်ဟာ အလှူအတန်းရက်ရောသူတစ်ဦးဖြစ်ပြီး လိုအပ်တဲ့ နေရာတိုင်းကိုလည်း ကိုယ်တိုင်ကိုယ်ကျ လှူတန်းနေသူတစ်ဦး ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးမှာလည်း တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပြီး အခုနောက်ပိုင်းမှာတော့အခြေအနေအရပ်ရပ်ကြောင့် အမေရိကားနိုင်ငံသို့ တစ်မိသားစုလုံး ရွှေ့ပြောင်းနေထိုင်နေကြတာ ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း စမိုင်းလ်ရဲ့ Instagram လူမှုကွန်ယက်တွင် ဓာတ်ပုံအချို့တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ သိန်းပေါင်းထောင်ချီအကုန်ကျခံကာ ဆောက်လုပ်လှူဒါန်းထားတဲ့ ကျောင်းဆောင်သစ်ကြီး ဆောက်လုပ်ပြီးစီးသွားပုံကို ဝေမျှပေးလာခဲ့တာ ဖြစ်ပါတယ်။

သူမကလည်း ” ကျွန်မတို့ လှူထားတဲ့ ပြင်ဦးလွင်က အောင်ဇမ္မူကျောင်းလေး ” ဆိုပြီး ရေးသားထားတာကြောင့် ပရိသတ်တွေလည်း သိရှိရအောင် တင်ဆက်ပေးလိုက် ရပါတယ်နော်။










Leave a Comment