ဲူူူူဲၾကားသ္ိသမွ်

ရဲတိုက်အမှု သက်သေထွက်မည့် တပ်ကြပ် ဆိုင်ကယ် မတော်တဆဖြစ်၍ အမှု မစစ်နိုင်

ရဲတိုက်အမှု သက်သေထွက်မည့် တပ်ကြပ် ဆိုင်ကယ် မတော်တဆဖြစ်၍ အမှု မစစ်နိုင်

သရုပ်ဆောင် ရဲတိုက်အား မရမ်းကုန်းမြို့နယ် တရားရုံးတွင် စွဲဆိုထားသည့် အမှု ရုံးချိန်းကို ယနေ့ (အောက်တို ဘာလ ၁၄ ရက်) အင်းစိန်ထောင်တွင်း အထူးတရား ရုံး၌ ပြုလုပ်ခဲ့သည်။

ရုံးချိန်းတွင် တရားလိုပြသက်သေ မရမ်းကုန်းမြို့နယ်ရဲစခန်းမှ တပ်ကြပ်ကြီး အေးလွင်အား စစ်ဆေးရန် ချိန်းဆိုထားသော်လည်း အမှု ထွက်ဆိုရန် လာရောက်စဉ် ဆိုင်ကယ် မတော်တဆ ဖြစ်ပွားခဲ့ခြင်းကြောင့် အမှုမစစ် ဆေးနိုင်ဘဲ ရွှေ့ဆိုင်းခဲ့ရကြောင်း ရဲတိုက်၏ ရှေ့နေဖြစ်သူ ဥပေဒအကြံပေး ဦးခင်မောင်မြင့်ထံက သိရသည်။

ဦးခင်မောင်မြင့်က “မရမ်းကုန်းမြို့နယ် တရားရုံးမှာ ချိန်းဆိုထားတဲ့ မူးယစ်/ စိတ်ပြောင်း ပုဒ်မ ၁၆ (ဂ) ပေါ့။ အဲဒါအတွက် ရုံးထုတ်ပါတယ်။ ဒါပေမယ့် တရားလိုပြသက် သေ တပ်ကြပ်ကြီး အေးလွင် ထွက်ဆိုဖို့အတွက် ရုံးကိုလာနေရင်း လမ်းမှာ ဆိုင်ကယ်မတော်တဆမှု ဖြစ်သွားလို့ ရုံးချိန်းကို နောက်တကြိမ် ပြန်ချိန်းလိုက်တယ်” ဟုပြောသည်။

ရဲတိုက်၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ ၎င်းက “မနေ့ကထိတော့ ကျန်းမာရေး ကောင်းတယ်။ ဒီနေ့တော့ ချွေးထွက်လွန်ပြီးတော့ ခေါင်းမူးနေလို့ ဆေးတိုက်ရတယ်။ ပြန်သွားတဲ့အချိန်တော့ နည်းနည်းသက်သာတယ်။ ကျနော်တို့ ရုံးထုတ်တဲ့အခါမှာ ကိုဗစ်ကာကွယ် ရေးအတွက် PPE အပြည့်အစုံ ဝတ်ရတယ်။ ဒီနေ့မှာ နေကလည်းပူနေတော့ ချွေးထွက်လွန်ပြီး ခေါင်းမူးတာ” ဟု ပြောသည်။သရုပ်ဆောင် ရဲတိုက်အား လက်ရှိတွင် အင်းစိန် အကျဉ်း ထောင် သီးသန့်ဆောင်တွင် ထားရှိပြီး ထောင်တွင်း အဆောင်၂ ဆောင် ပြောင်းခဲ့ရသည်ဟု သိရသည်။

သရုပ်ဆောင်ရဲတိုက်ကို စစ်ကောင်စီက ဧပြီလ ၃ ရက်တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံတွင် ဖမ်းဆီးခဲ့ပြီး လသာမြို့မ ရဲစခန်းတွင် ပုဒ်မ ၅၀၅(က) ၊ မရမ်းကုန်းမြို့မ ရဲစခန်းတွင် မူးယစ်ပုဒ်မ ၁၆(ဂ) ဖြင့် တရားစွဲဆိုထားသည်

ရဲတိုက္အမႈ သက္ေသထြက္မည့္ တပ္ၾကပ္ ဆိုင္ကယ္ မေတာ္တဆျဖစ္၍ အမႈ မစစ္နိုင္

သ႐ုပ္ေဆာင္ ရဲတိုက္အား မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံးတြင္ စြဲဆိုထားသည့္ အမႈ ႐ုံးခ်ိန္းကို ယေန႔ (ေအာက္တို ဘာလ ၁၄ ရက္) အင္းစိန္ေထာင္တြင္း အထူးတရား ႐ုံး၌ ျပဳလုပ္ခဲ့သည္။

႐ုံးခ်ိန္းတြင္ တရားလိုျပသက္ေသ မရမ္းကုန္းၿမိဳ႕နယ္ရဲစခန္းမွ တပ္ၾကပ္ႀကီး ေအးလြင္အား စစ္ေဆးရန္ ခ်ိန္းဆိုထားေသာ္လည္း အမႈ ထြက္ဆိုရန္ လာေရာက္စဥ္ ဆိုင္ကယ္ မေတာ္တဆ ျဖစ္ပြားခဲ့ျခင္းေၾကာင့္ အမႈမစစ္ ေဆးနိုင္ဘဲ ေရႊ႕ဆိုင္းခဲ့ရေၾကာင္း ရဲတိုက္၏ ေရွ႕ေနျဖစ္သူ ဥေပဒအႀကံေပး ဦးခင္ေမာင္ျမင့္ထံက သိရသည္။

ဦးခင္ေမာင္ျမင့္က “မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံးမွာ ခ်ိန္းဆိုထားတဲ့ မူးယစ္/ စိတ္ေျပာင္း ပုဒ္မ ၁၆ (ဂ) ေပါ့။ အဲဒါအတြက္ ႐ုံးထုတ္ပါတယ္။ ဒါေပမယ့္ တရားလိုျပသက္ ေသ တပ္ၾကပ္ႀကီး ေအးလြင္ ထြက္ဆိုဖို႔အတြက္ ႐ုံးကိုလာေနရင္း လမ္းမွာ ဆိုင္ကယ္မေတာ္တဆမႈ ျဖစ္သြားလို႔ ႐ုံးခ်ိန္းကို ေနာက္တႀကိမ္ ျပန္ခ်ိန္းလိုက္တယ္” ဟုေျပာသည္။

ရဲတိုက္၏ က်န္းမာေရးအေျခအေနႏွင့္ ပတ္သက္၍ ၎က “မေန႔ကထိေတာ့ က်န္းမာေရး ေကာင္းတယ္။ ဒီေန႔ေတာ့ ေခၽြးထြက္လြန္ၿပီးေတာ့ ေခါင္းမူးေနလို႔ ေဆးတိုက္ရတယ္။ ျပန္သြားတဲ့အခ်ိန္ေတာ့ နည္းနည္းသက္သာတယ္။ က်ေနာ္တို႔ ႐ုံးထုတ္တဲ့အခါမွာ ကိုဗစ္ကာကြယ္ ေရးအတြက္ PPE အျပည့္အစုံ ဝတ္ရတယ္။ ဒီေန႔မွာ ေနကလည္းပူေနေတာ့ ေခၽြးထြက္လြန္ၿပီး ေခါင္းမူးတာ” ဟု ေျပာသည္။သ႐ုပ္ေဆာင္ ရဲတိုက္အား လက္ရွိတြင္ အင္းစိန္ အက်ဥ္း ေထာင္ သီးသန႔္ေဆာင္တြင္ ထားရွိၿပီး ေထာင္တြင္း အေဆာင္၂ ေဆာင္ ေျပာင္းခဲ့ရသည္ဟု သိရသည္။

သ႐ုပ္ေဆာင္ရဲတိုက္ကို စစ္ေကာင္စီက ဧၿပီလ ၃ ရက္တြင္ ရန္ကုန္ၿမိဳ႕ မရမ္းကုန္းၿမိဳ႕နယ္ သမိုင္းလမ္းဆုံတြင္ ဖမ္းဆီးခဲ့ၿပီး လသာၿမိဳ႕မ ရဲစခန္းတြင္ ပုဒ္မ ၅၀၅(က) ၊ မရမ္းကုန္းၿမိဳ႕မ ရဲစခန္းတြင္ မူးယစ္ပုဒ္မ ၁၆(ဂ) ျဖင့္ တရားစြဲဆိုထားသည္

Leave a Comment