ဲူူူူဲၾကားသ္ိသမွ်

သံတမန်နည်းနဲ့မရရင် အင်အားသုံးဖြေရှင်းရလိမ့်မယ်လို့ အမေရိကန်သတိပေး …

သံတမန်နည်းနဲ့မရရင် အင်အားသုံးဖြေရှင်းရလိမ့်မယ်လို့ အမေရိကန်သတိပေး …

သံတမန်နည်းနဲ့မရရင် အင်အားသုံးဖြေရှင်းရလိမ့်မယ်လို့ အမေရိကန်က အီရန်ကိုသတိပေး

အီရန်ရဲ့ နျုကလီးယားအစီအစဉ်နဲ့ပတ်သက်လို့ သံတမန်နည်းလမ်းအရ ဖြေရှင်းလို့မရရင် အင်အားသုံးဖြေရှင်းကောင်းဖြေရှင်းရလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အောက်တိုဘာ ၁၃ ရက်နေ့က သတိပေးလိုက်ပါတယ်။

အီရန်နျုကလီးယားအစီအစဉ်နဲ့ပတ်သက်လို့ ၂၀၁၅ ခုနှစ်က နိုင်ငံတကာနဲ့သဘောတူထားတဲ့အတိုင်း ဆွေးနွေးလိုက်နာဖို့ သံတမန်နည်းလမ်းပေါင်းစုံနဲ့ ချည်းကပ်ပြောဆိုခဲ့ပြီးပြီလို့ Antony Blinken က ပြောပါတယ်။

သံတမန်နည်းလမ်းဟာ ကောင်းမွန်ထိရောက်တဲ့နည်းလမ်းဖြစ်ပေမယ့် (၉) လဆိုတဲ့အချိန်အတွင်းမှာ အီရန်ဘက်က အပြုသဘောတုန့်ပြန်မှု တစုံတရာမရှိခဲ့ဘူးဆိုပါတယ်။ အဲဒီအတွက် သံတမန်နည်းလမ်းဆက်ကျင့်သုံးဖို့ အချိန်မရှိတော့ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက သတိပေးပြောလိုက်တာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ဝါရှင်တန်ကို ရောက်နေတဲ့ အစ္စရေး နဲ့ UAE နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးအပြီး အီရန်ကို သတိပေးပြောခဲ့တာဖြစ်ပါတယ်။

သံတမန္နည္းနဲ႔မရရင္ အင္အားသုံးေျဖရွင္းရလိမ့္မယ္လို႔ အေမရိကန္သတိေပး …

သံတမန္နည္းနဲ႔မရရင္ အင္အားသုံးေျဖရွင္းရလိမ့္မယ္လို႔ အေမရိကန္က အီရန္ကိုသတိေပး

အီရန္ရဲ့ န်ဳကလီးယားအစီအစဥ္နဲ႔ပတ္သက္လို႔ သံတမန္နည္းလမ္းအရ ေျဖရွင္းလို႔မရရင္ အင္အားသုံးေျဖရွင္းေကာင္းေျဖရွင္းရလိမ့္မယ္လို႔ အေမရိကန္နိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေအာက္တိုဘာ ၁၃ ရက္ေန႔က သတိေပးလိုက္ပါတယ္။

အီရန္န်ဳကလီးယားအစီအစဥ္နဲ႔ပတ္သက္လို႔ ၂၀၁၅ ခုႏွစ္က နိုင္ငံတကာနဲ႔သေဘာတူထားတဲ့အတိုင္း ေဆြးေႏြးလိုက္နာဖို႔ သံတမန္နည္းလမ္းေပါင္းစုံနဲ႔ ခ်ည္းကပ္ေျပာဆိုခဲ့ၿပီးၿပီလို႔ Antony Blinken က ေျပာပါတယ္။

သံတမန္နည္းလမ္းဟာ ေကာင္းမြန္ထိေရာက္တဲ့နည္းလမ္းျဖစ္ေပမယ့္ (၉) လဆိုတဲ့အခ်ိန္အတြင္းမွာ အီရန္ဘက္က အျပဳသေဘာတုန႔္ျပန္မႈ တစုံတရာမရွိခဲ့ဘူးဆိုပါတယ္။ အဲဒီအတြက္ သံတမန္နည္းလမ္းဆက္က်င့္သုံးဖို႔ အခ်ိန္မရွိေတာ့ဘူးလို႔ အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးက သတိေပးေျပာလိုက္တာပါ။

အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးဟာ ဝါရွင္တန္ကို ေရာက္ေနတဲ့ အစၥေရး နဲ႔ UAE နိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးအၿပီး အီရန္ကို သတိေပးေျပာခဲ့တာျဖစ္ပါတယ္။

Leave a Comment