မိုးေလဝသ

နေ့စဉ်မိုးလေဝသသတင်း (၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

နေ့စဉ်မိုးလေဝသသတင်း (၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က ဟိုင်နန်ကျွန်း (Hainan Island)ကို ဖြတ်ကျော် ဝင်ရောက်ခဲ့သော အားကောင်းသောအပူပိုင်းမုန်တိုင်း “ကွန်(မ်)ပစု” (Kompasu)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အပူပိုင်းမုန်တိုင်း“ကွန်(မ်)ပစု”(Kompasu)အဖြစ်သို့ အားလျော့သွားခဲ့ကာ တုံကင်ပင်လယ်ကွေ့သို့ ရောက်ရှိခဲ့ပါသည်။

အဆိုပါ အပူပိုင်းမုန်တိုင်း “ကွန်(မ်)ပစု” (Kompasu)သည် ဗီယက်နမ်နိုင်ငံ ဗင်းန်ရ်မြို့(Vinh)၏အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၁၀၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး၊ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ယနေ့ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံအထက်ပိုင်းကမ်းခြေဒေသများကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ေန႔စဥ္မိုးေလဝသသတင္း (၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ (၁၄)ရက္ေန႔ နံနက္(၇:၀၀)နာရီအခ်ိန္ ထုတ္ျပန္ခ်က္)

ဘဂၤလားပင္လယ္ေအာ္အ‌ေျခအေန။

ဘဂၤလားပင္လယ္ေအာ္ေျမာက္ပိုင္းႏွင့္ အေရွ႕အလယ္ပိုင္းတို႔တြင္ တိမ္အသင့္အတင့္မွ တိမ္ထူထပ္ေနၿပီး၊ ကပၸလီပင္လယ္ျပင္ႏွင့္ က်န္ဘဂၤလားပင္လယ္ေအာ္တို႔တြင္ မုတ္သုံေလ အားေကာင္းေနပါသည္။

ထူးျခားသည့္အေျခအေန။ ယေန႔ျမန္မာစံေတာ္ခ်ိန္(၀၆:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ယမန္ေန႔က ဟိုင္နန္ကၽြန္း (Hainan Island)ကို ျဖတ္ေက်ာ္ ဝင္ေရာက္ခဲ့ေသာ အားေကာင္းေသာအပူပိုင္းမုန္တိုင္း “ကြန္(မ္)ပစု” (Kompasu)သည္ အေနာက္-အေနာက္ေျမာက္ဘက္သို႔ ေရြ႕လ်ားခဲ့ၿပီး၊ အပူပိုင္းမုန္တိုင္း“ကြန္(မ္)ပစု”(Kompasu)အျဖစ္သို႔ အားေလ်ာ့သြားခဲ့ကာ တုံကင္ပင္လယ္ေကြ႕သို႔ ေရာက္ရွိခဲ့ပါသည္။

အဆိုပါ အပူပိုင္းမုန္တိုင္း “ကြန္(မ္)ပစု” (Kompasu)သည္ ဗီယက္နမ္နိုင္ငံ ဗင္းန္ရ္ၿမိဳ႕(Vinh)၏အေရွ႕-အေရွ႕ေတာင္ဘက္ ေရမိုင္(၁၀၀)မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနၿပီး၊ အေနာက္ဘက္သို႔ ဆက္လက္ေရြ႕လ်ားကာ ယေန႔ညေနပိုင္းတြင္ ဗီယက္နမ္နိုင္ငံအထက္ပိုင္းကမ္းေျခေဒသမ်ားကို ျဖတ္ေက်ာ္နိုင္သည္ဟု ခန႔္မွန္းရပါသည္။

ယေန႔ညေနအထိခန္႔မွန္းခ်က္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔တြင္ ေနရာကြက္က်ား၊ ေနျပည္ေတာ္ႏွင့္ မေကြးတိုင္းေဒသႀကီးတို႔တြင္ ေနရာက်ဲက်ဲ၊ ပဲခူးတိုင္းေဒသႀကီးႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာအႏွံ့အျပား မိုးထစ္ခ်ဳန္းရြာၿပီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီးနိုင္ပါသည္။ ရြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ျမန္မာ့ပင္လယ္ျပင္။

ျမစ္ဝကၽြန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လွိုင္းအသင့္အတင့္မွ လွိုင္းႀကီးနိုင္ပါသည္။ မိုးသက္ေလျပင္း က်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလၽွင္ (၃၅)မိုင္အထိ တိုက္ခတ္နိုင္ပါသည္။

က်န္ျမန္မာ့ပင္လယ္ျပင္တြင္ လွိုင္းအသင့္အတင့္ရွိမည္။ လွိုင္းအျမင့္မွာ ျမစ္ဝကၽြန္းေပၚ၊ မုတၱမေကြ႕၊ မြန္- တနသၤာရီကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၇)ေပမွ (၉)ေပခန္႔ႏွင့္ ရခိုင္ကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၅)ေပမွ (၇)ေပခန္႔ ရွိနိုင္ပါသည္။

ေနာက္(၂)ရက္အတြက္ခန္႔မွန္းခ်က္။

ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ မိုးပိုလာနိုင္ပါသည္။

ေနျပည္ေတာ္ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန္႔မွန္းခ်က္။ ေနရာကြက္က်ား မိုးထစ္ခ်ဳန္းရြာမည္။ရြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ရန္ကုန္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန္႔မွန္းခ်က္။ မိုးတစ္ႀကိမ္၊ ႏွစ္ႀကိမ္ ထစ္ခ်ဳန္းရြာမည္။ရြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

မႏၲေလးၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန္႔မွန္းခ်က္။ ေနရာကြက္က်ား မိုးထစ္ခ်ဳန္းရြာမည္။ရြာရန္ရာႏႈန္း(၈၀) ျဖစ္ပါသည္။

မိုးေလဝသႏွင့္ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန

Leave a Comment