knowledge

တောင်သူများ ပိုးသတ်ဆေးကို ဈေးကြီးပေးဝယ်စရာမလိုတော့ပါ ကိုယ်တိုင်လုပ်လို့ရတဲ့နည်း တွေ့ပြီ

တောင်သူများ ပိုးသတ်ဆေးကို ဈေးကြီးပေးဝယ်စရာမလိုတော့ပါ ကိုယ်တိုင်လုပ်လို့ရတဲ့နည်း တွေ့ပြီ

ဘဝတူ တောင်သူလယ်သမားအတွက် စပါးဈေး သီးနှံဈေး ကျနေတဲ့အတွက် သွင်းအားစု တစ်ခုဖြစ်တဲ့ ပိုးသတ်ဆေးများကို ဈေးကြီးပေး ဝယ်သုံးနေရတာ တွေကို လျော့ချနိူင်အောင် ဓာတုအန္တရယ်လဲ ကင်းလွတ်ဖို့အတွက်

ကျွန်တော် စမ်းသပ်သုံးစွဲနေတာ ၂နှစ် စပါးရာသီ ၄ ရာသီ ရှိပြီးဖြစ်တဲ့ အစွမ်းထက်တဲ့ ဆေးရွက်ကြီး ပိုသတ်ဆေးကို ယုံကြည် စိတ်ချစွာ ကိုယ်တိုင် ပြုလုပ် သုံးစွဲချင်းဖြင့် သွင်းအားစုသက်သာပြီး အကျိုး အများကြီး ဖြစ်ထွန်းပါတယ်။

ဆေးရွက်ကြီး ဖော်စပ်ပုံကို နားလည် လွယ်အောင် ဖော်ပြ ရေးပေးပါမယ်

လိုအပ်တဲ့ပစ္စည်းများ

(၁) မိုးဗြဲ ဒယ် ၁ လုံး ရေ ၅ ဂါလံ ဆန့် ဒယ်ဖြစ်ရပါမည်။ (၂) ထင်း နဲ့မီးဖို ။ (၃) ဆေးရွက်ကြီး ၁ ပိသာ (ကုန်ကျငွေ ၄ဝဝဝကျပ်ခန့်) ။

ဆေးရွက်ကြီးကို နေလှန်းပြီးကျိုလျှင် အရည်ပျော် မြန်အောင် နုတ်နုတ် စင်းထားပါ။ (၄) ရွှေဝါဆပ်ပြာ ၆ ပိုင်း( ကုန်ကျငွေ ၁၂၀၀ ကျပ်ခန့်) ကျိုလျှင် အရည်ပျော် မြန်အောင် ဓါးနှင့် ပါးပါးလှီးထားပါ။ အားလုံး ပြည့်စုံရင် ရေ ၅ ဂါလံကို မိုးဗြဲထဲထဲ့ပြီး ရေဆူအောင် ကျိုပါ။

ဆေးရွက်ကြီး ၁ ပိသာ ထည့်ကျိုပါ။ ပြီးလျှင် ရေပြန်ဆူလျှင် ရွှေဝါဆပ်ပြာ ပါးပါးလှီးထားတာထည့်ပြီး ဆပ်ပြာပျော်ပြီ ဆိုလျှင် မီးဖိုပေါ်မှ ချပြီး အအေး နည်းနည်းခံပါ။

အပူ နည်းနည်းချန်ပြီး မိုးဗြဲဒယ်ထဲမှ ကော်ပုံး သို့မဟုတ် အစဉ်ပြေတဲ့ ထည့်စရာထဲ ဇာဖြင့်အရည်စစ်ယူပါ။ နည်းနည်းတော့ ပူပါမည် သတိထားပါ။ အေးလျှင် အရည်ညှစ်လို့ မကောင်းလို့ပါ။ ရရှိအရည် ၃ ဂါလံ ခန့် ရပါမည်။

အဖက်များကိုလဲ နေလှန်းပြီး အခြားအပင်တွေအခြေမှာ ထားပြီး ပိုးသတ်ဆေး လုပ်လို့ရပါသည်။ ကော်ပုံထဲထည့်သိမ်းထားလျှင် လေဟာနယ်ထားပါ။ အဖုံးကို မကြာခဏ ဖွင့်ပေးပါ။

ရက်အတန်ကြာလျှင် အဖုံးပိတ်ထားလို့ ရပါပြီ။ ရရှိဆေးအရည်ကို ဆေးဖျန်းပုံး ၄ဂါလံ ပုံးဆိုရင် ရေသန်းဗူးခွံ ၁ လီတာ ဗူးနဲ့ ၁ ဗူးထည့်သုံးပြီး ပိုးကျနေတဲ့ စပါးခင်းတွေ မှာ ဖျန်းပေးပါ။

ပိုးမထွက်သေးလျှင် ၂ ရက်လောက်နေရင် ထပ်ဖျန်းပါ သေချာပေါက် ပိုးထွက်ပါမည်။ မကျေနပ်သေးရင် ၃ ကြိမ်ဖျန်းပေါ့။ ကြိုတင်ကာကွယ်ချင်လျှင် မြေဆီကျွေးပြီး ၂ ရက်၃ ရက်နေရင် ကြိုဖျန်းလျှင် ပိုးလုံးဝ မကျပါဘူး။

လက်တွေ စမ်းသပ်သုံးစွဲပြီးပါပြီ။ ခရုကျလျှင်လဲ ရေလျော့ပြီး ဆေးပြင်းပြင်းသုံးပြီး ဖျန်းပေးပါ ခရုပါေ သပါသည်။

ဘဝတူ တောင်သူလယ်သမားများ အကျိုးမျော်ကိုး၍ ကုန်ကျငွေ နည်းနည်းနဲ့ ပိုးသတ်ဆေး ကိုယ်တိုင် ထုတ်လုပ်သုံးစွဲစေချင်ပါသည်။

ကုန်ကျငွေ စုစုပေါင်း၆၀၀၀ ခန့်ဖြင့် ဆေးရည် ၃ ဂါလံရပါမည်။ ပေါပေါများများ သုံးစွဲလို့ရပါသည်။ ဆေးရွက်ကြီး ဆပ်ပြာ ဆေးရည်စားမိတဲ့ပိုး တစ်ခါထဲ မျိုးပြုတ်သွားမယ် ပိုးတွေအားလုံးရှောသွားစေရမယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။ ပြန်လည်မျှဝေချင်းဖြင့်တောင်သူများကိုကူညီပေးပါ။

မူရင်းရေးသားသူအား ခရက်ဒစ်ပေးပါသည်။

Leave a Comment