knowledge

ကပ်ရောဂါနဲ့ပတ်သတ်ပြီး ဆရာလေးခေမာရံသီ၏ သတိပေးချက်

ကပ်ရောဂါနဲ့ပတ်သတ်ပြီး ဆရာလေးခေမာရံသီ၏ သတိပေးချက်

ကပ်ဆိုက်ရခြင်းကို ဆရာလေးအမြင်နဲ့ပြောမယ်ဆိုရင် အခုဖြစ်နေတဲ့ ကပ်ရောဂါဟာ လူတွေရဲ့ လောဘ၊ဒေါသ၊မောဟ အားကြီးမှုကြောင်သဘာဝတရားက သတိပေးလိုက်တယ်။

လောဘဒေါသမောဟတွေ အားကြီးလာတဲ့ ကမ္ဘာလောကသားတွေအပေါ်မှာ သဘာဝ တရားကြီးက လောဘ၊ဒေါသ၊မောဟတွေ အားမကြီးဖို့အတွက် သတိပေးတယ်လို့မြင်မိတယ်။

ဒီလောဘဒေါသမောဟကို လျှော့ချနိုင်ဖို့ လိုအပ်တယ်ပေါ့။ ဒီလိုလေးလက်ခံပြီး လူသားတိုင်း လောဘ၊ဒေါသ၊မောဟတွေ လျှော့ချနိုင်ဖို့ ကြိုးစားရမယ်။ဒီသတိပေးချက်ကို လက်မခံပဲနဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ လောဘတွေနဲ့ တယူသန်ပြီး တစ်ကိုယ်ကောင်းဆန်နေကြမယ်ဆိုရင် ဒီကပ်ရောဂါက ဒီထက်ပိုပြီး ကျယ်ပြန့်လာလိမ့်မယ်။

သဘာဝက သတိပေးတဲ့ လောဘဒေါသမောဟတွေ လျှော့ချဖို့ ရုပ်ကိုလျှော့ အငြိမ်ထားရုံတင်မကပဲ စိတ်ပါ စိုးရိမ်ပူပန်မှုတွေ လျော့ချအငြိမ်ထားဖို့ လိုတယ်ပေါ့။ ဒီလိုမျိုးကြီးဖြစ်တော့မှပဲ လူတွေကဘာအရေးမကြီးတာတွေနဲ့ အချိန်ကုန်နေကြလည်း အပိုတွေလုပ်နေကြလည်း ပိုပြီးသိလာရတယ်ပေါ့။

ရုပ်ကိုလည်း အပိုမလုပ်ပဲနဲ့ အငြိမ်ထားရသလို စိတ်ကိုလည်း အတတ်နိုင်ဆုံး အငြိမ်ထားဖို့လိုတယ်။ ဒီအငြိမ်မနေနိုင်တဲ့ပြဿနာ အငြိမ်မနေနိုင်တဲ့အတွက်ကြောင့် ဖြစ်တဲ့ပြဿနာ ဒါရုပ်ကိုအငြိမ်ထားရသလို စိတ်ကိုလည်းအတတ်နိုင်ဆုံး အငြိမ်ထားဖို့လိုတယ်။

ပြီးတော့ကိုယ့်တစ်နိုင်ငံကိုယ့်လူမျိုး တစ်မျိုးထဲလုံခြုံနေလို့မရသေးဘူး လူသားတိုင်းက တစ်ဦးတစ်ယောက်ရဲ့ ဒုက္ခကအားလုံးနဲ့ သက်ဆိုင်နေတယ်။ ကပ်ရောဂါ သဘာဝဘေးကြီးက သတိပေးလိုက်တယ်လို့ လူသားအားလုံး အချင်းချင်း မေတ္တာထားဖို့လိုတယ်။ ဒီအချိန်မှာ ကိုယ့်စိတ်ကိုပိုပြီး တည်ငြိမ်အောင်ကြိုးစားဖို့ လိုတယ်ပေါ့။

ကပ်ရောဂါဘေး ကင်းဝေးလွတ်ကင်း ကျန်းမာချမ်းသာကြပါစေ။ ဆရာလေးခေမာရံသီ 2020 ကိုဗစ်ပထမလှိုင်းအချိန်ဟောကြား သည့်တရားတော်မှ။

Credit

ကပ္ေရာဂါနဲ႔ပတ္သတ္ၿပီး ဆရာေလးေခမာရံသီ၏ သတိေပးခ်က္

ကပ္ဆိုက္ရျခင္းကို ဆရာေလးအျမင္နဲ႔ေျပာမယ္ဆိုရင္ အခုျဖစ္ေနတဲ့ ကပ္ေရာဂါဟာ လူေတြရဲ့ ေလာဘ၊ေဒါသ၊ေမာဟ အားႀကီးမႈေၾကာင္သဘာဝတရားက သတိေပးလိုက္တယ္။

ေလာဘေဒါသေမာဟေတြ အားႀကီးလာတဲ့ ကမၻာေလာကသားေတြအေပၚမွာ သဘာဝ တရားႀကီးက ေလာဘ၊ေဒါသ၊ေမာဟေတြ အားမႀကီးဖို႔အတြက္ သတိေပးတယ္လို႔ျမင္မိတယ္။

ဒီေလာဘေဒါသေမာဟကို ေလၽွာ့ခ်နိုင္ဖို႔ လိုအပ္တယ္ေပါ့။ ဒီလိုေလးလက္ခံၿပီး လူသားတိုင္း ေလာဘ၊ေဒါသ၊ေမာဟေတြ ေလၽွာ့ခ်နိုင္ဖို႔ ႀကိဳးစားရမယ္။ဒီသတိေပးခ်က္ကို လက္မခံပဲနဲ႔ စိုးရိမ္ပူပန္မႈေတြနဲ႔ ေလာဘေတြနဲ႔ တယူသန္ၿပီး တစ္ကိုယ္ေကာင္းဆန္ေနၾကမယ္ဆိုရင္ ဒီကပ္ေရာဂါက ဒီထက္ပိုၿပီး က်ယ္ျပန္႔လာလိမ့္မယ္။

သဘာဝက သတိေပးတဲ့ ေလာဘေဒါသေမာဟေတြ ေလၽွာ့ခ်ဖို႔ ႐ုပ္ကိုေလၽွာ့ အၿငိမ္ထား႐ုံတင္မကပဲ စိတ္ပါ စိုးရိမ္ပူပန္မႈေတြ ေလ်ာ့ခ်အၿငိမ္ထားဖို႔ လိုတယ္ေပါ့။ ဒီလိုမ်ိဳးႀကီးျဖစ္ေတာ့မွပဲ လူေတြကဘာအေရးမႀကီးတာေတြနဲ႔ အခ်ိန္ကုန္ေနၾကလည္း အပိုေတြလုပ္ေနၾကလည္း ပိုၿပီးသိလာရတယ္ေပါ့။

႐ုပ္ကိုလည္း အပိုမလုပ္ပဲနဲ႔ အၿငိမ္ထားရသလို စိတ္ကိုလည္း အတတ္နိုင္ဆုံး အၿငိမ္ထားဖို႔လိုတယ္။ ဒီအၿငိမ္မေနနိုင္တဲ့ျပႆနာ အၿငိမ္မေနနိုင္တဲ့အတြက္ေၾကာင့္ ျဖစ္တဲ့ျပႆနာ ဒါ႐ုပ္ကိုအၿငိမ္ထားရသလို စိတ္ကိုလည္းအတတ္နိုင္ဆုံး အၿငိမ္ထားဖို႔လိုတယ္။

ၿပီးေတာ့ကိုယ့္တစ္နိုင္ငံကိုယ့္လူမ်ိဳး တစ္မ်ိဳးထဲလုံျခဳံေနလို႔မရေသးဘူး လူသားတိုင္းက တစ္ဦးတစ္ေယာက္ရဲ့ ဒုကၡကအားလုံးနဲ႔ သက္ဆိုင္ေနတယ္။ ကပ္ေရာဂါ သဘာဝေဘးႀကီးက သတိေပးလိုက္တယ္လို႔ လူသားအားလုံး အခ်င္းခ်င္း ေမတၱာထားဖို႔လိုတယ္။ ဒီအခ်ိန္မွာ ကိုယ့္စိတ္ကိုပိုၿပီး တည္ၿငိမ္ေအာင္ႀကိဳးစားဖို႔ လိုတယ္ေပါ့။

ကပ္ေရာဂါေဘး ကင္းေဝးလြတ္ကင္း က်န္းမာခ်မ္းသာၾကပါေစ။ ဆရာေလးေခမာရံသီ 2020 ကိုဗစ္ပထမလွိုင္းအခ်ိန္ေဟာၾကား သည့္တရားေတာ္မွ။

Credit

Leave a Comment